ပုဂ္ဂလိကကဏ္ဍ AI ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဂ္ဂလိကကဏ္ဍ AI ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ကြေညာ



အမေရိကန်မှာ လူလုပ်အသိဉာဏ် (AI) ဆိုင်ရာ အခြေခံအဆောက်အအုံ တည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ရာနဲ့ချီပြီး ရင်းနှီးမြှုပ်နှံမယ့် Stargate လို့ နာမည်ပေးထားတဲ့ ဖက်စပ်လုပ်ငန်းကို စတင်လိုက်ပြီဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က ကြေညာခဲ့ပါတယ်။

Donal Trump က "အမေရိကန်မှာ AI ဆိုင်ရာ အခြေခံအဆောက်အအုံအတွက် အနည်းဆုံး ဒေါ်လာ ဘီလီယံပေါင်း ၅၀၀ ရင်းနှီးမြှုပ်နှံမယ့် အမေရိကန်ကုမ္ပဏီအသစ်က အလွန်အမင်း လျင်မြန်သွက်လက်စွာ ဆောင်ရွက်ပြီး အမေရိကန်ပြည်သူတွေအတွက် အလုပ်အကိုင်ပေါင်း ၁၀၀,၀၀၀ ကျော်ကို အမြန်ဆုံး ဖန်တီးပေးလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က Trump အဲဒီလို ကြေညာခဲ့ချိန်မှာ SoftBank Group အမှုဆောင်အရာရှိချုပ် Son Masayoshi ၊ OpenAI အမှုဆောင်အရာရှိချုပ် Sam Altman ၊ Oracle ဥက္ကဋ္ဌ Larry Ellison တို့လည်း အတူရှိခဲ့ပါတယ်။

အဲဒီရင်းနှီးမြှုပ်နှံမှုကို လာမယ့် လေးနှစ်အတွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။

အမေရိကန် IT ကုမ္ပဏီကြီး Microsoft နဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်တဲ့ ထိပ်တန်းကုမ္ပဏီ Nvidia တို့ဟာ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပံ့ပိုးပေးမယ့် ကုမ္ပဏီတွေထဲမှာ ပါဝင်ပါတယ်။

Stargate လုပ်ငန်းနဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ ကြေညာချက်မှာ အဲဒီလုပ်ငန်းရဲ့ ပထမဆုံး ဒေတာစင်တာကို Texas ပြည်နယ်မှာ ဆောက်လုပ်နေပြီဖြစ်တယ်လို့ ဆိုထားပါတယ်။

မစ္စတာ Trump က အဲဒီစီမံကိန်းကို သမိုင်းတစ်လျှောက် အကြီးမားဆုံး AI အခြေခံအဆောက်အအုံစီမံကိန်းလို့ ခေါ်ဆိုခဲ့ပါတယ်။


Ref - NHK

#International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)