Pages

Pages

ရွှေတောင် မြို့နယ်တွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို (Big Cath-Up) နည်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေး

 


ရွှေတောင် ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အသက်(၁)နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို (Big Cath-Up) နည်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့သည်။

အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို (Big Cath-Up) နည်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးကြရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဦးအောင်မျိုးသန့်၏ ကြီးကြပ်မှုဖြင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ကျန်းမာရေးဝန်ထမ်းများက အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို (Big Cath-Up) နည်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ကိုကိုမင်း 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق