ပျော်ဘွယ်, ဇန်နဝါရီ ၄
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော သဝဏ်လွှာဖတ်ပွဲကို ယနေ့နံနက်ပိုင်းက ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ နံနက်(၄)နာရီ မိနစ်(၂၀)အချိန်တွင် နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများက အလေးပြုခြင်းအခမ်းအနား ကျင်းပခဲ့သည်။
ဆက်လက်၍ နံနက်(၇)နာရီအချိန်တွင် နိုင်ငံတော်အလံနှင့်အာဇာနည်ခေါင်းဆောင်များအား တက်ရောက်လာသည့် ပြည်သူ(၅၀၀)ဦးခန့်က အလေးပြုခြင်းအခမ်းအနားပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားကာစိုးက ဖတ်ကြားခဲ့ကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများထံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး (ပျော်ဘွယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment