Pages

Pages

ဟားမတ်တွေပြန်လွှတ်တဲ့ ဓားစားခံ ၃၃ ယောက်မှာ ၈ ယောက် အသေပါ



ဇန်နဝါရီ - ၂၈ ( အင်္ဂါနေ့ ) 

ဂါဇာ အပစ်ရပ်ရေး သဘောတူညီမှုအတွက် အစ္စရေး နဲ့ ဟားမတ်တို ဖမ်းထားတဲ့ ဓားစားခံတွေကို အပြန်အလှန် လွှတ်ဖို လုပ်နေရာ အစ္စရေးဘက်က အမည်စာရင်းနဲ့တောင်းထားတဲ့ ပထမအသုတ် ဓားစားခံ ၃၃ ယောက် ကို ဟားမတ်တို့ ပြန်လွှတ်ပေးရာမှာ ၈ ယောက်က အသက်ရှင်လျက် မရတော့ဘူးလို အစ္စရေး အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒေဗစ်မန်ဆာက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။  

“ကျနော်တို လူနာမည်တွေကို စာရင်းပိုတော့ ဟားမတ်တွေဘက်က ၂၅ ယောက်တော့ အရှင်ရမယ်။ ၈ ယောက် ကတော့ အလောင်း ဒါမှမဟုတ် သက်သေခံ အထောက်အထား တစ်ခုခုရမယ်လို အကြောင်းပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့က ရနိုင်တာမှန်သမျှ အကုန်ပြန်တောင်းသွားမှာပါ။ ကြာသပတေးနေ့မှာ နောက်ထပ် တစ်သုတ်နဲ့ စနေနေ့မှာ နောက်တစ်သုတ် ပြန်လွှတ်ဖိုအတွက်လည်း စီစဉ်ထားပါတယ်။ ကျနော်တို့ မှာရှိတဲ့ အမည်စာရင်းတွေအတိုင်း ပြန်ခေါ်မှာ ဖြစ်လို့ ကိုယ့်မိသားစုတွေ အဖမ်းခံထားတာရှိရင် လာရောက်သတင်း ပို့ဖို့အတွက်လည်း ကျနော်ဒီနေရာကနေ ပြောပါတယ်” လို ဆိုပါတယ် ။ 

အစ္စရေး အစိုးရက ဂါဇာမှာရှိတဲ့ ဟားမတ်တွေကို အပြုတ်တိုက်ဖို့ကြိုးစားနေချိန်မှာ အဖမ်းခံထားရတဲ့ ဓားစားခံတွေရဲ့ မိသားစုတွေက အစိုးရကို အပစ်ရပ်ဖို့အတွက် ဖိအားပေးပြီး သူတိုရဲ့ မိသားစုဝင်တွေကို ပြန်လည်ကယ်ဆယ်နိုင်ဖို့ လုပ်ခဲ့တာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့ပါတယ်။ အခုလက်ကျန် ဓားစားခံ ၉၀ လောက်ကျန်သေးမယ်လို့ ခန့်မှန်းရပြီး အနည်းဆုံး ၃၅ ယောက်လောက် အသေရှိနိုင်ကြောင်း ယုံကြည်ရတယ်လို့ အစိုးရပိုင်းက ဆိုပါတယ်။ 


REF - news 18

#MNP #News #China

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق