Pages

Pages

ကျိုင်းတုံမြို့၊ ကောင်းကံရွာရှိ အမေ့ရင်ခွင်ကျောင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်

 


နေပြည်တော်၊ ဇန်နဝါရီလ ၂၆ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကောင်းကံကျေးရွာရှိ အာခါတိုင်း ရင်းသားပရဟိတ အမေ့ရင်ခွင်ကျောင်း၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါပရဟိတကျောင်း၌ ကျင်းပပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညို၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာခါရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံအာခါတိုင်းရင်းသားများနှင့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အမေ့ရင်ခွင်ကျောင်း ကွန်ကရစ်လမ်း သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အထိမ်းအမှတ်ကျောက် စာတိုင်အား အမွှေး နံ့သာရည်များပက်ဖျန်းခဲ့ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လမ်းသစ်အား လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News #ShanState

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق