အရက်မူးနေသည့် သားက မိခင်နှင့်စကားများပြီး နေအိမ်ကြမ်းခင်းတွင် ကောက်ရိုးများပုံ၍ မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

အရက်မူးနေသည့် သားက မိခင်နှင့်စကားများပြီး နေအိမ်ကြမ်းခင်းတွင် ကောက်ရိုးများပုံ၍ မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွား




ဘိုကလေး၊ ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အေရာကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာရှိ ပိုင်ရှင်ဒေါ်စန်းကြည်၏ အလျား (၁၅)ပေ၊ အနံ(၁၃)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး ယမန်နေ့ နေ့လယ်(၁၂)နာရီ (၅)မိနစ်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာနေပြည်သူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က ဝိုင်းဝန်ငြှိမ်းသတ်မှုကြောင့် (၁၂)နာရီ (၁၃)မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုသတင်းအရ ဘိုကလေးမြို့နယ်၊ ကဒုံကနိနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ကြပ်ကြီး လှမျိုးနှင့်အဖွဲ့က အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးရာ နေအိမ်ပိုင်ရှင်၏ သားဖြစ်သူမှာ အရက်မူး၍ မိခင်နှင့်စကားများပြီး နေအိမ်ကြမ်းခင်းတွင် ကောက်ရိုးများပုံ၍ မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားကြောင်းနှင့် နေအိမ်မီးရှို့သူ ဇော်ဦး(ဘ)ဦးစိန်အား ကဒုံကနိနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မိုးစက်

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)