ဝက်ကျောက်ကပ်နဲ့ အစားထိုးထားတဲ့ အမျိုးသမီး အသက်ရှင်နေတာ ၂ လကျော်လာပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝက်ကျောက်ကပ်နဲ့ အစားထိုးထားတဲ့ အမျိုးသမီး အသက်ရှင်နေတာ ၂ လကျော်လာပြီ



ဇန်နဝါရီ - ၂၆ ( တနင်္ဂနွေနေ့)

အလာဘားမားပြည်နယ်က အမျိုးသမီးက ကျောက်ကပ် ၂ ခုလုံးပျက်စီးသွားလို့ ဝက်ကျောက်ကပ်နဲ့ အစားထိုး လဲလှယ်လိုက်ပါတယ်။ အခုဆိုရင် သူမရဲ့ ကျန်းမာရေးကို စောင့်ကြည့်နေတာ ၆၁ ရက်ပြည့်သွားပါပြီ။ တကယ်လို့ တိရစ္ဆာန်တွေရဲ့ကိုယ်တွင်းအင်္ဂါနဲ့ လူတွေရဲ့ အတွင်းကလီစာတွေကို အစားထိုး ကုသလို့ အောင်မြင်သွားရင်တော့ အဲ့ဒါက သမိုင်းမှတ်တိုင်တစ်ခုဖြစ်သွားမှာပါ။ 

တိုဝါနာလွန်နေးလို့ နာမည်ရတဲ့ အမျိုးသမီးကအင်တာဗျူးမှာ “ ကျမက စူပါ အမျိုးသမီးပါ” လို့ ပန်းခြံထဲမှာလမ်းလျှောက်ရင် စကားပြောသွားပါတယ်။ အိမ်ကကလေးတွေထက်တောင် ပိုပြီးမြန်မြန်လျှောက်နိင်တယ်လို့လည်း ပြောပါတယ်။ 

Looney ၏ ပြန်လည်ကောင်းမွန်လာမှုသည် တိရိစ္ဆာန်မှလူသို့ အစားထိုးကုသမှုများ အမှန်တကယ် ဖြစ်လာစေရန်အတွက် စိတ်ဓာတ်မြှင့်တင်မှုတစ်ခုဖြစ်ပါ။ အခြားအမေရိကန်နိုင်ငံသား လေးဦးအား ဗီဇပြုပြင်ထားသော ဝက်အင်္ဂါများဖြစ်သော နှလုံးနှစ်ခုနှင့် ကျောက်ကပ်နှစ်ခုကို အစားထိုး စမ်းသပ်ခဲ့ရာ  တစ်ဦးတစ်ယောက်မှ နှစ်လထက် ပိုအသက်မရှင်ခဲ့ပေ။

သူမကို လမ်းပေါ်မှာတွေ့ခဲ့ရင်၊ သူမဟာ ဝက်အင်္ဂါနဲ့ လည်ပတ်သွားလာနေတဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသောလူ ဖြစ်ကြောင်း လွန်နေးရဲ့ အစားထိုးကုသမှုကို ဦးဆောင်ခဲ့တဲ့ NYU Langone Health မှ ဒေါက်တာ ရောဘတ်မောင့်ဂိုမာရီ က ပြောကြားခဲ့ပါတယ်။

မောင့်ဂိုမာရီ က လွန်နေး ၏ကျောက်ကပ်ဆိုင်ရာလုပ်ဆောင်မှုမှာ လုံးဝပုံမှန်ဖြစ်နေတယ် လို့ မျှော်လင့်ထားပါတယ်။ သူမသည် အစားထိုးကုသမှုခံယူပြီးနောက် ခေတ္တနေထိုင်နေသည့် နယူးယောက်မြို့မှ ထွက်ခွာလာနိုင်ပြီး အလာဘားမားရှိ အိမ်သို့ ရွှေ့ပြောင်းနေထိုင်နေသည်မှာ ၁ လကြာပြီဖြစ်သည်။ 

REF: PTI


#MNP #News #International

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)