ဇီးကုန်းမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိခင်ကိုသေနတ် ဖြင့်ချိန်၍ စိတ်ဝေဒနာသည် သားဖြစ်သူကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခဲ့ကြောင်း သတင်းတု သတင်းမှားများ ရေးသားထုတ်လွှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇီးကုန်းမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိခင်ကိုသေနတ် ဖြင့်ချိန်၍ စိတ်ဝေဒနာသည် သားဖြစ်သူကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခဲ့ကြောင်း သတင်းတု သတင်းမှားများ ရေးသားထုတ်လွှင့်

 


ရန်ကုန်၊ ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မိခင်ဖြစ်သူကိုသေနတ်ဖြင့်ချိန်၍ စိတ်ဝေဒနာခံစားနေရသည့် သားဖြစ်သူကို စစ်မှုထမ်းရန် ဖမ်းဆီးသွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းအမှား များ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ အထက်ပါ သတင်းသည် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများကတပ်မတော်အပေါ် ပြည်သူများ အထင် အမြင်လွဲမှားစေရန် အခြေအမြစ်မရှိလုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များစနစ်တကျ ဖွဲ့စည်းထားရှိပြီး ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ရွေးချယ်ခေါ်ဆောင် လျက်ရှိကြောင်း၊ ဥပဒေမဲ့ဖမ်းဆီးခြင်းများမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ဥပဒေမဲ့ ဖမ်းဆီးပြီး လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါသတင်း သည် တရားမဝင် ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှား စေရန်နှင့် ပြည်သူလူထု စိုးရိမ်ပူပန်မှုမြင့်တက်စေရန်အတွက် လုပ်ကြံရေးသားကာ ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။


#MNP #News #FakeNews

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)