Pages

Pages

ဓနုဖြူမြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့များ အနားယူ/အစားထိုး ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကျင်းပ





ဓနုဖြူ၊ ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့များ အနားယူ/အစားထိုး ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကို ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်၊ ခင်မကန်ကျောင်းဝန်း အတွင်းရှိ စွယ်တော်ကျောင်းတိုက်၌ ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး တိုင်းသံဃနာယက ဒုဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာဓိကမှ အစည်းအဝေးအဖွင့် ဩဝါဒကထာမြွက်ကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့သည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့များ အနားယူ/ အစားထိုး ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားအား တိုင်းသံဃနာယက ဒုဥက္ကဌဆရာတော် ဘဒ္ဒန္တပညာဓိကမှ ရွေးချယ်ခံဆရာတော်များအမည်စာရင်းအား အတည်ပြုတင်သွင်းပြီး မြို့နယ်သံဃနာယကအဖွဲ့လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်းမိန့်ကြားကာ နိဂုံးချုပ်ဩဝါဒကထာမြွက်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မအူပင်မြို့နယ်၊ ညောင်ဂရက်ကျေးရွာ၊ မဟာသုဒဿနကျောင်းတိုက်မှ တိုင်းသံဃနာယက ဒုဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာဓိက၊ မြို့နယ်သံဃနာယက ဥက္ကဌဆရာတော် ဘဒ္ဒန္တရေဝတနှင့်အဖွဲ့ဝင်များ၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်/ သံဃာတော်များ၊ စုစုပေါင်းအင်အား (၆၃) ပါး၊ တိုင်းဒေသကြီးသာသနာရေးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဟိန်းထက်ဇော်နှင့် မြို့နယ်သာသနာရေးမှူးဦးဝင်းထူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


အောင်ပြည့်ဖြိုးဇော်  

#MNP #News #Danuphyu

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق