ကိုလံဘီယာက ပြည်နှင်ခံရသူတွေကို လက်ခံဖို့သဘောတူပြီးနောက် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ဖို့ အမေရိကန်ဆိုင်းငံ့လိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုလံဘီယာက ပြည်နှင်ခံရသူတွေကို လက်ခံဖို့သဘောတူပြီးနောက် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ဖို့ အမေရိကန်ဆိုင်းငံ့လိုက်

 


ကိုလံဘီယာနိုင်ငံက အမေရိကန်ပြည်ထောင်စုကနေ ပြန်ပို့လာတဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေကို အကန့်အသတ်မရှိ လက်ခံဖို့သဘောတူပြီးတဲ့နောက် သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တခြား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားမှာဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်က တနင်္လာနေ့ညမှာ အဲဒီကြေငြာချက်ကို ထုတ်ပြန်လိုက်ပြီး နှစ်နိုင်ငံကြား အပြန်အလှန်လက်တုံ့ပြန်တဲ့ ကုန်သွယ်ခွန်စည်းကြပ်မှုတွေကို လောလောဆယ်မှာ ရှောင်ရှားလိုက်ပါတယ်။

အမေရိကန် သမ္မတ Donald Trump အစိုးရက စစ်လေယာဉ် ၂ စင်းနဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နှင်ဖို့ လုပ်ဆောင်ရာမှာ ကိုလံဘီယာနိုင်ငံက တနင်္ဂနွေနေ့တုန်းက သူ့နိုင်ငံထဲကို လေယာဉ်ဆင်းသက်တာကို ငြင်းဆန်ခဲ့တဲ့အချိန်မှာ အခုလိုပြဿနာ ဖြစ်ပွားခဲ့ပါတယ်။

မစ္စတာ Trump က လက်တုံ့ပြန်တဲ့အနေနဲ့ အခွန်စည်းကြပ်မယ်လို့ ကြေညာခဲ့ပြီး အဲဒီနောက်မှာ ကိုလံဘီယာကလည်း အမေရိကန်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ဖို့ ဝန်ကြီးတွေကို ညွှန်ကြားခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကိုလံဘီယာအစိုးရဟာ အမေရိကန်စ စ်လေယာဉ်နဲ့အပါအဝင် အမေရိကကနေ ပြန်ပို့လိုက်တဲ့ ကိုလံဘီယာက တရားမဝင်နေထိုင်သူအားလုံးကို အကန့်အသတ်မရှိ၊ နှောင့်နှေးခြင်းမရှိဘဲ လက်ခံတာအပါအဝင်မစ္စတာ Trump ရဲ့ စည်းမျဉ်းစည်းကမ်း အားလုံးကို သဘောတူညီလိုက်တယ်လို့ ဆိုထားပါတယ်။

ကိုလံဘီယာက သဘောတူညီချက်ကို လေးစားလိုက်နာဖို့ ပျက်ကွက်ခြင်းမရှိဘူးဆိုရင် အခွန်ကောက်ခံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာပိတ်ဆို့အရေးယူမှု အမိန့်တွေကို ဆိုင်းငံ့ထားမှာဖြစ်ပြီး လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့လည်း အဲဒီကြေညာချက်မှာ ဆိုထားပါတယ်။

ကိုလံဘီယာ နိုင်ငံခြားရေး ဝန်ကြီးဌာနက သဘောတူညီချက် အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိပေမဲ့ အဲဒီသဘောတူညီချက်ကို အတည်ပြုဖို့ နိုင်ငံခြားရေးဝန်ကြီး Luis Gilberto Murillo နဲ့ တခြားတာဝန်ရှိသူတွေ မကြာခင် အမေရိကန်ပြည်ထောင်စုကို သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်နှင်မှုဆိုင်ရာ လေကြောင်းခရီးစဉ်တွေနဲ့ နိုင်ငံကိုရောက်ရှိလာမယ့် ကိုလံဘီယာနိုင်ငံသားတွေ နေရပ်ပြန်နိုင်ရေး လွယ်ကူချောမွေ့စေဖို့ သူတို့အစိုးရက သမ္မတလေယာဉ်ကို အသင့်ပြင်ထားတယ်လို့လည်း အဲဒီဝန်ကြီးဌာနက ပြောပါတယ်။


REF - NHK

#MNP #News #American #Trump

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)