ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်





ကျွန်းစု၊ ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့သည် ဇန်နဝါရီလ (၂၀) ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့တွင် ဒုတိယဗိုလ်မှူးကြီး ခွန်ဇော် ဦးဆောင်သော ပါရဂူများ၊ ခွဲစိတ်ကုဆရာဝန်များ၊ သူနာပြုများနှင့် တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ လာရောက်ကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးလျက်ရှိရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ (၂၉၃) ဦး၊ ခွဲစိတ်ရောဂါ (၂၇) ဦး၊ သားဖွား/မီးယပ်ရောဂါ (၅၃) ဦး၊ ကလေးရောဂါ (၃၆) ဦး၊ အရိုးရောဂါ (၉၅) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ (၅၆) ဦး၊ မျက်စိရောဂါ (၁၈၉) ဦးနှင့် သွားနှင့် ခံတွင်းရောဂါ (၄၇) ဦး၊ စုစု‌ပေါင်း (၇၉၆) ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ (၆) ဦး၊ မျက်စိခွဲစိတ်လူနာ (၂၃) ဦး၊ ဓာတ်မှန်ရိုက်လူနာ (၂၅) ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ (၂၅) ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ (၂၃) ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ (၇၁) ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေး၍ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာ (၄) ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထက်မြင့်(ကျွန်းစု)

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)