သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လွိုင်ကော်)၊ အမှတ်စဉ်(၃၁) သူနာပြုနှင့်သားဖွားဒီပလိုမာသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လွိုင်ကော်)၊ အမှတ်စဉ်(၃၁) သူနာပြုနှင့်သားဖွားဒီပလိုမာသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ




လွိုင်ကော်၊ ဇန်နဝါရီ ၂၂

ကယားပြည်နယ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လွိုင်ကော်) ၂၀၂၅ ပညာသင်နှစ်၊ အမှတ်စဉ်(၃၁) သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်က သင်တန်းကျောင်းခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ 

အခမ်းအနားတွင် ဒုတိယနှစ်နှင့် တတိယနှစ်သင်တန်းသူများက “မင်္ဂလာပါ” အကဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ပြည်သူလူထုကို အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အရည်အချင်းပြည့်မီသော ကျန်းမာရေးလူ့စွမ်းအားစုအမျိုးမျိုးကို အမျိုးသားကျန်းမာရေးစီမံကိန်းလိုအပ်ချက်နှင့်အညီ အလုံအလောက် လေ့ကျင့်မွေးထုတ်ပေးရန်  ရည်ရွယ်ချက်ဖြင့် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း၊  သင်ကြားရေးကိစ္စများတွင် သင်ရိုးညွှန်တမ်းအဆင့်မြင့်မားရေး၊ သူနာပြုများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ စဉ်ဆက်မပြတ်ပညာသင်ကြားခွင့်ရရှိရေးနှင့် အခြားလိုအပ်ချက်များကို နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း၊ သူနာပြုကောင်းများ၏ အရည်အချင်းများဖြစ်သော ဝါသနာ၊ အကြင်နာ၊ စေတနာ၊ အနစ်နာ၊ စံနမှုူနာဆိုသည့် နာ(၅)နာနှင့် လိုက်နာရမည့် ကျင့်ဝတ်များနှင့်အညီ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ နိုင်ငံတော်၏အကျိုး၊ ပြည်နယ်၏အကျိုးကို  ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်ပေးကြရန်လိုကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသား/ သင်တန်းသူများ နေ့စဉ်စားသောက်မှုအဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ စားစရိတ်နှင့် သင်ရိုးပြဋ္ဌာန်း စာအုပ်ဖိုးများကို ပေးအပ်ချီးမြှင့်ရာ ဒုတိယကျောင်းအုပ်ကြီး ဒေါ်မာမာဆွေနှင့် သင်တန်းသား ကိုယ်စားလှယ် (၂)ဦးတို့က လက်ခံရယူကြသည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းကျောင်းအတွက် ဘက်စုံအသုံးပြုရန် ချီးမြှင့်ငွေနှင့် ရေရရှိရေးလုပ်ငန်းအတွက် ကုန်ကျစရိတ်များပေးအပ်ရာ သင်တန်းကျောင်းတာဝန်ရှိသူများက အသီးသီးလက်ခံရယူကြပြီး သင်တန်းကျောင်း ဒုတိယကျောင်းအုပ်ကြီးက ပထမနှစ်သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

ထို့နောက် သင်တန်းကျောင်း ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် သင်တန်းသား၊ သင်တန်းသူများက ကယားရိုးရာအက၊ ရှမ်းရိုးရာအက၊ တေးသရုပ်ဖော်အကများနှင့် မြန်မာအကတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး အဆိုပါအကအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် ပထမနှစ် သင်တန်းသားသင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)