Pages

Pages

ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာအနီး ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ၆ဦး ဒဏ်ရာရ





ချောက်၊ ဇန်နဝါရီ ၂၇

 မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာ၊ မိုင်တိုင်အမှတ်(၃၇၁/၂)နှင့် (၃၇၁/၃)ကြားတွင် ၂၇.၁.၂၀၂၅ ရက်နေ့၊ ၀၈ ၀၀ အချိန်ခန့် ခရီသည်တင်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါ (၁၁)ဦးအနက် ကျား(၂)ဦး၊ မ(၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး လူညပ်နေကြောင်း သတင်းရရှိသဖြင့် ချောက်မြို့နယ်မီးသတ်စခန်းနှင့် ဂွေးပင်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီး ယာဉ်ပေါ်ပါ (၁၁)ဦးအနက် ကျား(၂)ဦး၊ မ(၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ပရမံလူမှုကူညီရေးအသင်းနှင့် ရွာသစ်ရပ်လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်(၂)စီးတို့ဖြင့် ရေနံချောင်းပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


#MNP #News #Chauk #Accident

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق