ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်


နေပြည်တော်၊ ဇန်နဝါရီ ၂၁ 

ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်း တွင် ရန်ကုန်မြို့၊ Novotel Hotel ၌ကျင်းပရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Mongkol Visitstump ၊  (ကြည်း၊ ရေ၊ လေ၊ ရဲ) စစ်သံ မှူးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖွင့်၍ အလေးပြုကာ ဖွင့်လှစ်ကြသည်။ ထို့နောက် သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ထိုင်းဘုရင့်တပ်မတော်ဆိုင်ရာ ဗီဒီယိုပြသမှုအား ကြည့်ရှုကြသည်။ ယင်းနောက် တိုင်းမှူးနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့က အထိမ်းအမှတ် ကိတ်မုန့်လှီးဖြတ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွသုံးဆောင်ကြပြီး သရုပ်ပြဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးကြကာ စစ်သံမှူး Senior Colonel Thanwit Yomchinda က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)