Pages

Pages

လောင်းလုံမြို့နယ်နှင့် ရေဖြူမြို့နယ်အစပ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မဟုတ်မမှန်လုပ်ကြံ ဝါဒဖြန့်ချိလျက်ရှိ


နေပြည်တော်၊ ဇန်နဝါရီလ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်နှင့် ရေဖြူမြို့နယ်အစပ်ရှိ ကျေးရွာ များကို ဇန်နဝါရီလပိုင်းမှစတင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနယ်မြေများအတွင်း အကြမ်းဖက်သမားများ တရားမဝင်ခိုအောင်းစိမ့်ဝင်မှုမရှိစေရေးနှင့် အကြမ်းဖက် လုပ်ငန်းများ မလုပ်ဆောင်နိုင်စေရန်အတွက် လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်း များကို နေ့ညမပြတ် စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားပြီး စိုးရိမ်ထိတ်လန့် စေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်ရည်ရွယ်၍ ယခုကဲ့သို့ အခြေအမြစ် မရှိသည့် သတင်းအမှားများကို လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #FakeNews

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق