စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၅) ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၅) ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင် ကျင်းပ




စစ်ကိုင်း၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၅) ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ (၂၄) ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က မိမိတို့တက္ကသိုလ်ကြီးအနေဖြင့် ယခင်နှစ်များနှင့်မတူ တမူထူးခြားစွာ စစ်ကိုင်းပညာရေးတက္ကသိုလ် တစ်ခုတည်းက ဘွဲ့ရရှိသူများသာ ဘွဲ့ချီးမြှင့်ခြင်းမဟုတ်ဘဲ အထက်မြန်မာပြည်ရှိ ပညာရေးဒီဂရီကော လိပ် (၁၃) ကျောင်းမှ ပညာရေးဘွဲ့ (စာပေးစာယူ) ရရှိသူများကိုပါ ဘွဲ့အပ်နှင်းပေးမှာဖြစ်ပါကြောင်း၊ ယခုလိုအချိန်မှာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါကြောင်း၊ ပညာရေးကောင်းရင် ကောင်းသလောက် ထူးချွန်ထက်မြက်တဲ့ လူသားအရင်းအမြစ်များ ပေါ်ထွန်းလာပြီး နိုင်ငံတော်တည်ဆောက်ရေးမှာ ပိုမိုအကျိုးပြုလာမှာဖြစ်ပြီး ပညာရေးပိုမိုတိုးတက် ကောင်းမွန်လာအောင်လည်း နိုင်ငံတော်ကဆောင်ရွက်လျက်ရှိပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းပညာရေးတက္ကလ်သိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်မှ ဦးသန်းဦး ပညာသင်ဆုရရှိသည့် ကျောင်းသူတစ်ဦးအား ရွှေတံဆိပ်ဆု ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါရဂူဘွဲ့(၃)ဦး၊ မဟာပညာရေးဘွဲ့(၁၃၆၈)ဦး၊ မဟာဒဿနဘွဲ့ (၁၃၀) ဦး၊ ပညာရေးဘွဲ့ (၉၁၇၃)ဦး၊ ပညာ‌ရေးဘွဲ့(စာပေးစာယူ) (၁၈၃၉၉) ဦး၊ ပညာရေးဘွဲ့ (စာပေးစာယူ) EDC (၃၉၈၄) ဦး၊ PGDT(၂၇၄၁)ဦး နှင့် PGDMA(၂၉၄၉)ဦး၊ စုစုပေါင်း (၃၈၇၄၇)ဦး တို့အား ဇန်နဝါရီလ (၂၄) ရက်နေ့မှ ဖေဖော်ဝါရီ(၂၃)ရက်နေ့အထိ ဘွဲ့များအသီးသီးပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။   


#MNP #News #Education

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)