လျော်ကြေးမကြိုက်လို့ အဝေးပြေလမ်းအလယ်က အိမ်ကို ဖယ်မပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လျော်ကြေးမကြိုက်လို့ အဝေးပြေလမ်းအလယ်က အိမ်ကို ဖယ်မပေး


ဇန်နဝါရီ - ၂၆ ( တနင်္ဂနွေနေ့ ) 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အနောက်တောင်ပိုင်းရှိ ဂျင်ရှီးတွင် အဝေးပြေးလမ်းမ တစ်ခုဖောက်လုပ်နေရာ တရုတ်အဖိုးအို အိမ်တစ်အိမ်က လျော်ကြေးကို မကြိုက်သဖြင့် အိမ် မဖယ်ပေးလို့ လမ်းဖောက်လုပ်ရေး ကုမ္ပဏီက အဲ့ဒိ အိမ်ကို ပတ်ပြီး လမ်းကို ဆက်ဖောက်သွားပါတယ်။ အခုတော့ အိမ်ရှင်အဖိုးကြီး လျော်ကြေး မယူလိုက်ရတာကို နောင်တ ရနေပါတယ်။ 

အကြောင်းကတော့ လမ်းဖောက်နေစဉ်ကာလအတွင်း ဖုန်မှုန့်များနဲ့ ဆူညံသံတွေကို ရှောင်ရှားဖို့ နေ့ခင်းဖက်ဆိုရင် မြို့ထဲကို သွားပြီး ရှောင်ရှားနေရသလို၊ လမ်းပြီးသွားတဲ့အခါ ကားအသွားအလာတွေကြောင့် ဆူညံသံတွေကို ခံစားရတော့မှာပါ။ ဆောက်လုပ်ရေး ကုမ္ပဏီကလည်း ဒီနွေဦးမှာ အဲ့ဒိလမ်းဖောက်လုပ်ဖို့ အလျင်လိုနေတဲ့အတွက် အဖိုးအိုနဲ့ သေသေချာချာ မညှိနှိုင်းတော့ဘဲ အိမ်ကို ပတ်ကာ လမ်းဖောက်လိုက်ပါတယ်။ 

အဖိုးအိုနဲ့ ၁၁ နှစ်အရွယ်မြေးတို့က တစ်နေကုန် မြို့ထဲကို သွားနေရပြီး ညနေ အလုပ်သိမ်းချိန်ရောက်တော့မှ ပဲ အိမ်ကို ပြန်လာနေရပါတယ်။ "အချိန်တွေကို နောက်ပြန်လှည့်နိုင်ရင်၊ သူတို့ကမ်းလှမ်းထားတဲ့ ဖြိုဖျက်မှုအခြေအနေတွေကို ကျွန်တော်သဘောတူမှာပါ။ အခု ကျွန်တော် အလောင်းအစားကြီးတစ်ခု ဆုံးရှုံးသွားသလို ခံစားရတယ်" လို့ ၎င်းက The Metro သို့ ပြောကြားခဲ့ပါတယ်။  

အိမ်ပိုင်ရှင်က “ယွမ် ၁၆ သိန်းပေးတာကို နည်းတယ်ထင်မိတာရယ်၊ ကိုယ့်ဘိုးဘွားပိုင်ဖြစ်နေတာရယ်ကြောင့် ဖျက်ဖို့ကို ငြင်းလိုက်တာပါ။ နည်းနည်းတော့နောင်တရတယ်” လို့ ထပ်ပြောပါတယ်။


REF - NDTV

#MNP #News #International #China

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)