ဧရာဝတီတိုင်း​ဒေသကြီး၊ လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်တာဝန်ရှိသူများ ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်း​ဒေသကြီး၊ လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်တာဝန်ရှိသူများ ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည်ရှုစစ်ဆေး




ဟင်္သာတ၊ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်း​ဒေသကြီး အစိုးရအဖွဲ့ဝင်လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးရုံးမှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှ ကာကွယ်ရေးတာများ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းခွင်သို့ရောက်ရှိ၍ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထက်ဇော်ဦးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဟင်္သာတမြို့အိပ်ပျက်ကျေးရွာ ဧရာဝတီမြစ်ကမ်းပါးတွင် Geotexitle ကမ်းထိန်းတမံအလျား ၅၀၀ ပေနှင့် ဦးပါရဲဘုရား ရေပေါက်အတွင်းနုန်းဖမ်းကွန်ကရစ်ဆူးတောင် (Porcupine) ချထားခြင်း ယူနစ် ၂၀၀၀ ခု လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား လည်းကောင်း ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် သောင်တူးဖော်ခြင်း အလျား ၄၃၅ မီတာ တို့အား လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့အား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့ဝင်များသည် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရေယာဥ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးမှ ရေးဆွဲထားသော (Work Plan) အတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မှီရေးနှင့်လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)