မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သားဖွားသင်တန်းကျောင်း၊ မော်လမြိုင်၊ အပတ်စဉ် (၅) ပထမနှစ်သူနာပြုသားဖွားသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သားဖွားသင်တန်းကျောင်း၊ မော်လမြိုင်၊ အပတ်စဉ် (၅) ပထမနှစ်သူနာပြုသားဖွားသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တက်ရောက်

 








မော်လမြိုင်၊ ဇန်နဝါရီ ၂၃

မွန်ပြည်နယ်၊ သားဖွားသင်တန်းကျောင်း၊ မော်လမြိုင်၊ အပတ်စဉ် (၅) ပထမနှစ်သူနာပြုသားဖွားသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ သားဖွားသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သည့်သူနာပြုများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ သားဖွားသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပြီး ကျန်းမာရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိကြောင်း သင်တန်းသား သင်တန်းသူများအနေဖြင့်လည်း သူနာပြုများ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့်အညီ မိမိနှင့်လျော်ညီသော တာဝန်ဝတ္တရားများကို ထမ်းဆောင်ကြဖို့နှင့် ပြည်သူလူထုမှ အားကိုးယုံကြည်ရသော မွန်မြတ်သောလုပ်ငန်းအဖြစ် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ကြိုးစားသင်ယူလေ့လာဆည်းပူးသွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် သားဖွားသင်တန်းကျောင်း၊ မော်လမြိုင်မှ သူနာပြုသင်တန်းသူလေးများက အကအလှများ၊ တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေပေးခဲ့ကြသည့် သင်တန်းသူလေးများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သူနာပြုသားဖွားသင်တန်းအတွက် စားသောက်ကုန်များအား ပေးအပ်ခဲ့ကာ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါ အပတ်စဉ် (၅) ပထမနှစ်သူနာပြု သားဖွားသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၂၃)ဦး၊ သင်တန်းကာလ (၃)နှစ်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။


စည်သူ 

#News

Join - https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)