ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလကုန်အထိ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေတင်ပြခြင်း အစည်းအဝေးသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလကုန်အထိ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေတင်ပြခြင်း အစည်းအဝေးသို့တက်ရောက်



ဟားခါး၊ ဇန်နဝါရီ ၂၂

၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလကုန်အထိ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက  ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများမှ ပြည်နယ်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို တင်ပြသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ထိုသို့တင်ပြရာတွင် အားနည်းချက်၊ အားသာချက်များနှင့် ကြုံတွေ့ ရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းအားနည်းချက်အပေါ် ထောက်ပြသင့်သည့် အချက်များရှိပါက ထောက်ပြရမည်ဖြစ်ပြီး ထိုသို့ထောက်ပြခြင်းသည် ပုဂ္ဂိုလ် ရေးအရမဟုတ်ဘဲ လုပ်ငန်းသဘောအရသာ ထောက်ပြခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အစည်းအဝေး ပြုလုပ်ရခြင်းအားဖြင့် လုပ်ငန်းအားနည်းချက်များကို အကောင်းဆုံးနှင့် အမြန်ဆုံးဖြေရှင်းနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ယခင်လုပ်ငန်း အတွေ့ အကြုံများအပေါ် အခြေခံ၍ ဆောင်ရွက်ရန်ကျန်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း သတ်မှတ် စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လုံးဝဆောင်ရွက်ရန်မဖြစ်နိုင်သည့် လုပ်ငန်းများရှိပါကလည်း လုပ်ငန်းပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာန/အဖွဲ့အစည်း(၁၉)ခုမှ ပြည်နယ်တာဝန်ခံများက ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ လုပ်ငန်းတစ်ခုချင်းစီအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်နှင့် အားနည်းချက်၊ အားသာချက်များအပါအဝင် ကြုံတွေ့ရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချို၊ ပြည်နယ် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ထပ်မံဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ် ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)