ဘောလ်တစ်ပင်လယ်က နေတိုးအပိုင် ရေကန်မဟုတ်ဘူးလို့ ရုရှားဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘောလ်တစ်ပင်လယ်က နေတိုးအပိုင် ရေကန်မဟုတ်ဘူးလို့ ရုရှားဆို


ဇန်နဝါရီ - ၂၆ ( တနင်္ဂနွေနေ့)

ဒေသတွင်း နေတိုးအဖွဲ၏ လှုပ်ရှားမှုများ တိုးလာနေချိန်၌ ရုရှားနိုင်ငံသည် ဘောလ်တစ်ပင်လယ်တွင် ၎င်း၏ အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သည့် အရာအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အလက်ဆန်ကာ ဂရက်ရှကို က ပြောသွားပါတယ်။ 

နေတိုးက  Baltic Sentry မစ်ရှင်ကို ပြုလုပ်မယ်ဆိုပြီးတော့ ဇန်နဝါရီလလယ်က ကြေညာခဲ့ပါတယ်။ ယမန်နှစ်က ရေအောက်ကေဘယ်ကြိုးများ ပျက်စီးသွားပြီးနောက် ၎င်းက ဘောလ်တစ်ပင်လယ်ပြင်တွင် ကင်းလှည့်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။  အမေရိကန်ဦးဆောင်သော စစ်ဘက်အစုအဖွဲ့က ဘောလ်တစ် ပင်လယ်ကို ၎င်းတိုရဲ့ “အတွင်းရေကန်” အဖြစ် ပြောင်းလဲရန် အိပ်မက်က အကောင်အထည်ပေါ်မှာ မဟုတ်ကြောင်း နဲ့ “ရုရှားက အဲ့ဒါကို ခွင့်မပြုပါဘူး” လို ရုရှား 24 TV ကနေ သောကြာနေ့က ပြောဆိုခဲ့ပါတယ်။ 

"ဘောလ်တစ်ပင်လယ်ဒေသရှိ ကျွန်ုပ်တို၏ အကျိုးစီးပွားများကို စိတ်ချယုံကြည်စွာ အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့် အရာအားလုံးကို လုပ်ဆောင်သွားပါမယ်" လို ၎င်းကဆိုပါတယ်။   ရုရှား၏ တိကျတဲ့  တန်ပြန်အရေးယူမှုများနှင့်ပတ်သက်လိုကတော့  နေတိုး နဲ့ ဒေသတွင်းရှိ ၎င်း၏အဖွဲဝင်တစ်နိုင်ငံချင်းစီရဲ့ လုပ်ဆောင်ချက်များကို  အခြေခံ၍ ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းကဆိုပါတယ်။  

ရုရှားဘက်က ခန့်မှန်းချက်အရ ဘောလ်တစ် ကင်းထောက်မစ်ရှင်မှာ ခန့်မှန်းခြေ ရေယာဉ် ၁၀ စီး နဲ့ ဧရိယာကို ထိန်းချုပ်နိုင်လောက်တယ်လို သိရပါတယ် ။ ဒါပေမဲ့ နေတိုးအဖွဲရဲ့ ဘောလ်တစ်မစ်ရှင်ကို အနီးကပ်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ နေတိုးအဖွဲက ဘာတွေပြောဦးမယ်ဆိုတာကိုလည်း ဆက်လက်စောင့်ကြည့်မှာ ဖြစ်ပါတယ်။ 

ဒုဝန်ကြီးက  "ဘောလ်တစ်ပင်လယ်သည် ပူးပေါင်းဆောင်ရွက်မှုပင်လယ်၊ အပြန်အလှန်ဖလှယ်ရေးပင်လယ်၊ ရာစုနှစ်များကြာအောင် ပြေးဆွဲခဲ့သည့် သင်္ဘောလမ်းကြောင်းများမှတစ်ဆင့် ကုန်သွယ်မှုပြုသည့်ပင်လယ် ပဲ ဖြစ်ချင်ပါတယ်” လို့ အလေးပေးပြောကြားသွားပါတယ်။ 

ရုရှားလုံခြုံရေးကောင်စီ၏ အကြီးအကဲဟောင်း နီကိုလေး ပါထရူရှေ့ဗ် က “ အနေက်နိုင်ငံတွေက ဘောလ်တစ်ပင်လယ်ကို သူတို့ ပိုင်ပင်လယ်အဖြစ်လုပ်ဖို့ လုပ်နေတယ်။ အခုဆို ဆွီဒင်နဲ့ ဖင်လန်တို့က နေတိုးထဲဝင်ပြီး ဘောလ်တစ်ကို သူတို့ပြည်တွင်းဖြစ် ဖြစ်အောင်လုပ်နေပါတယ်” လို့ ဆိုသွားပါတယ်။ 


REF - RT

#MNP #News #International #Russia #NATO

Join - https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)