Pages

Pages

ဥရောပက အမေရိကန် စစ်သား ၂ သောင်းကျော်ကို ပြန်ခေါ်မယ်လို့ ထရမ့် စီစဉ်နေ



ဇန်နဝါရီ - ၂၄ ( သောကြာနေ့ ) 

ဥရောပနိုင်ငံတွေအနေနဲ့  ဥရောပမှာ တပ်ဖြန့်ထားတဲ့ အမေရိကန်စစ်သားတွေကို ထောက်ပံ့မှုမပေးဘူးဆိုရင် အမေရိကန်စစ်သားတွေကို ပြန်ခေါ်ဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စီစဉ်နေကြောင်း အီတလီသတင်းစာ တစ်စောင်က ဖောက်ချလိုက်ပါတယ်။ 

ဥရောပသံတမန်သတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းစာက ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။  ဥရောပမှာ အမေရိကန် စစ်သား ၁သိန်းကျော်ရှိပါတယ်။ လက်တလောမှာ စစ်သား ၂သောင်းကို ပြန်လည်ခေါ်ယူမှာ ဖြစ်ပြီး ကျန်ရှိနေသေးတဲ့ စစ်သားတွေအတွက် အထောက်အပံ့မပေးဘူးဆိုရင် တဖြည်းဖြည်းပြန်ခေါ်သွားမယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ စစ်သားတွေကို အမေရိကန် အခွန်းထမ်းပြည်သူတွေက ထောက်ပံ့နေရတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ အမေရိကန်အခွန်ထမ်းတွေ ပေးဆောင်ဖို့ မလိုဘူးလို့လည်း ဆိုပါတယ်။ 

ထရမ့်ရဲ့ ပထမသက်တမ်း ၂၀၂၀ ခုနှစ် ဇူလိုင်လတုန်းကလည်း နေတိုးကာကွယ်ရေးအသုံးစရိတ် ရန်ပုံငွေကို ဖြည့်ဆည်းရန် ဘာလင်အစိုးရရဲ့ ပျက်ကွက်မှုကို တုံ့ ပြန်ရန်အတွက် အမေရိကန်သည် ဂျာမနီမှ တပ်ဖွဲ့ဝင် ၁၂,၀၀၀ ကိုရုပ်သိမ်းမည်ဖြစ်ကြောင်း ထရမ့်က ကြေငြာခဲ့ဖူးပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတ ဂျိုးဘိုင်ဒန်က ဂျာမနီမှ အမေရိကန်တပ်များ ဆုတ်ခွာရန် စီစဉ်ထားမှုကို တရားဝင် ရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်နှောင်းပိုင်းအထိ ဥရောပတစ်ခွင်တွင် ဌာနခွဲအသီးသီးမှ အမေရိကန်တပ်ဖွဲ့ဝင် ၁သိန်း ခန့် တပ်စွဲထားပါတယ်။ 


Ref - anadolu

#MNP #News #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق