Pages

Pages

ကသာမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ တစ်ဦး ဖမ်းဆီးရမိ


ကသာ၊ ဇန်နဝါရီ ၂၉

ကသာမြို့၊ ဇေယျာချောင်ရပ်ကွက်၊ ကချင်စုရပ်နေ ကျော်စိုး၏ နေအိမ်၌ မူးယစ်ဆေးဝါးများရောင်းဝယ်မှု ပြုလုပ်နေကြောင်း  သတင်းအရ ဇန်နဝါရီလ ၂၈ ရက် နေ့လည် ၁ နာရီခန့်က  လုံခြုံရေး တပ်ဖွဲဝင်များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်၌အသင့်တွေ့ရှိပြီး နေအိမ် အိပ်ခန်းအတွင်းက ဆပ်ပြာခွက် ၁ ခွက်လျှင် ဘိန်းဖြူအလေးချိန် ၉  ဂရမ် ခန့်ပါ ရောင်စုံ ဆပ်ပြာခွက် ၅၀ ခွက်၊ စုစုပေါင်းဘိန်းဖြူအလေးချိန် ၄၅၀ ဂရမ်ခန့် ကာလတန်ဖိုး သိန်းတစ်ရာရှစ်ဆယ်ကျပ်ခန့်၊  ခရမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁ ထုပ်လျှင် ၁၉၀ ပြားပါ ၆၀၀ ထုပ်၊ စုစုပေါင်း ၁၁၄၀၀၀ ပြား၊ ကာလတန်ဖိုး သိန်းနှစ်ထောင်နှစ်ရာရှစ်ဆယ် ကျပ်ခန့်၊  စုစုပေါင်းကာလတန်ဖိုး သိန်းနှစ်ထောင်လေးရာခြောက်ဆယ်ကျပ်ခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါး တရားခံ ကျော်စိုးအား ဖမ်းဆီးခဲ့ပြီး တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

#MNP #News #Katha #Drug

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق