Pages

Pages

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတရွေးကောက်ပွဲသို့ သွားရောက်လေ့လာခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ


နေပြည်တော်၊ ဇန်နဝါရီ ၃၀

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်ခဲ့သည့် ဘယ်လာရုစ်သမ္မတရွေးကောက်ပွဲသို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့အဖြစ် သွားရောက်လေ့လာခဲ့ကြသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့် ဦးမြင့်သိန်းတို့သည် ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ ပြုလုပ်သည့် ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို လေ့လာခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ Mr. Igor Karpenko နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့ပြင် ကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုသတင်းအချက်အလက်နှင့် လေ့လာစောင့်ကြည့်ရေးစင်တာဖွင့်ပွဲနှင့် ဗဟိုရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက်သည့် သတင်းစာရှင်းလင်းပွဲများသို့ တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲနေ့တွင် မဲရုံများသို့ သွားရောက်၍ မဲပေးခြင်းလုပ်ငန်းစဉ်များ စောင့်ကြည့်လေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတရွေးကောက်ပွဲသို့ နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူပေါင်း ၄၈၆ ဦး တက်ရောက်လေ့လာခဲ့ကြပြီး ရွေးကောက်ပွဲ တွင် လက်ရှိသမ္မတ H.E. Mr. Aleksandr Lukashenko က ခိုင်လုံမဲ ၈၆ ဒသမ ၈၂ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တစ်ဆင့် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق