တာမွေမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ








တာမွေ၊ ဇန်နဝါရီ  ၂၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ၂၁-၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် သီဆို၍ ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ကြူကြူခိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက မြတ်ဆရာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမဆုရှင် မောင်မင်းခန့်ဗိုလ်နှင့် တက္ကသိုလ်ဝင်တန်းအောင်မြင် သော ကျောင်းသား/သူများ၊ စာစီစာကုံး၊ ကဗျာ၊ ကာတွန်း၊ ပန်းချီ၊ ကျပန်း၊ ကဗျာလွတ်အကပြိုင်ပွဲများတွင် ထူးချွန် ဆုရရှိကြသူများ၊ ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် လှုပ်ရှားမှုပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများ၊ အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများ၊ မြို့နယ်အဆင့် လူရည်ချွန်ဆုရရှိကြသူများ စသည် ဖြင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေး ဌာနမှ တာဝန်ရှိသူများ၊  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက် ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါ ပညာရေးစုံညီပွဲတော်များကို “ မိဘဆရာပူးပေါင်း ကလေးပညာရေးကောင်း ” ဟူသော ဆောင်ပုဒ်နှင့်အညီ မိဘနှင့်ဆရာ၊ဆရာမများ တွေ့ဆုံဆွေးနွေး၍ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး ဖွံ့ဖြိုး တိုးတက်စေရန်၊ အရည်အချင်းပြည့်ဝသော ကျောင်းသား၊ကျောင်းသူများကို ဖော်ထုတ်၍ ဂုဏ်ပြုချီးမြှင့်ရန်၊  ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံထူးချွန်သူများ ပေါ်ပေါက်စေ၍ ဂုဏ်ပြုဆုချီးမြှင့်စေခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လေးစားအတုယူ လိုက်နာကြစေရန်နှင့် မိဘများကလည်း ပညာရေးစနစ်၏ သဘောတရားများကို စုံညီပွဲတော် ကျင်းပ ပေးခြင်းအားဖြင့် သိရှိနားလည်ကြစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိပါ သည်။


နိုင်လင်းအောင်

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)