ရေထွက်ကုန်နှင့် အသားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေထွက်ကုန်နှင့် အသားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


နေပြည်တော်၊ ဇန်နဝါရီ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ၂၅-၁-၂၀၂၅ ရက်နေ့က ကျောက်တန်းမြို့နယ် သီတာမြိုင်ရပ်ကွက်ရှိ နေကြာပန်းကဏန်းပျော့မွေးမြူရေး ကုမ္ပဏီလီမိတက်၏ ကဏန်းပျော့မွေးမြူရေးကန် ၂၅ ကန်၌ တစ်နှစ်လျှင် ကဏန်းပျော့တန်ချိန် ၂၀၀ ခန့်ထုတ်လုပ်၍ ပြည်တွင်းရှိ ဟိုတယ်နှင့်စားသောက်ဆိုင်များသို့ တင်ပို့ဖြန့်ဖြူးရောင်းချနေမှုနှင့် စွန့်ပစ်ပစ္စည်းများဖြစ်သည့် အရေလဲထားသော ကဏန်းအရေခွံ၊ ကဏန်းအသေတို့မှ ကဏန်းအမိုင်နိုအော်ဂဲနစ် သဘာဝမြေဩဇာများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှု အရည်အသွေးမြှင့်တင်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် သန်လျင်မြို့နယ် သူဌေးကုန်းကျေးရွာရှိ မွေးမြူရေးတောင်သူ ဦးခင်မောင်ငယ်၏ မွေးမြူထားသည့် နို့စားနွားအကောင် ၆၀ မွေးမြူထား ရှိမှု၊ ညောင်သုံးပင်ကျေးရွာ မွေးမြူရေးတောင်သူ ဦးမျိုးနိုင်၏ မွေးမြူထားသည့် အသားတိုးကြက်ကောင်‌ရေ ၃၀၀၀၀ မွေးမြူထားရှိမှုနှင့် နို့စားနွား ၂၂ ကောင် မွေးမြူထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လုပ်ငန်းခွင်ဆောင်ရွက်သူများ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ၊ မွေးမြူရေးထွက်ကုန်များ ပြည်တွင်းစားသုံးမှုဖူလုံမှုရှိစေရန်နှင့် ပြည်ပတင်ပို့မှုတိုးမြှင့်နိုင်ရေးဆိုင်ရာများကို အလေးထားဆောင်ရွက်ကြရန်နှင့် အသားတိုးကြက်များ ကာကွယ်ဆေးထိုးခြင်း၊ ကူးစက်ရောဂါများအတွက် ကြိုတင်ဆောင်ရွက်ထားကြရန် လိုအပ်ချက်များကို သက်ဆိုင်ရာမွေးမြူရေး တောင်သူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။  


#MNP #News #Yangon

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)