Pages

Pages

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း (၅ /၂၀၂၅) ဖွင့်လှစ်

 


နေပြည်တော်၊ ဇန်နဝါရီ ၂၁

ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၅/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူ များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဥပဒေအသိပညာများ ကျယ်ပြန့်စွာ သိရှိနိုင်စေရန်အတွက် ကျန်ရှိသည့် အရာထမ်း၊ အမှုထမ်းများအတွက်လည်း ဆက်လက်ဖွင့်လှစ်ပို့ချသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေအသိပညာများ သိရှိခြင်းဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ အကျိုးရှိစွာ လက်တွေ့အသုံးချဆောင်ရွက်နိုင်မည်ဖြစ်ပြီး တာဝန်များကိုလည်း အမှားအယွင်းမရှိ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း ဥပဒေဘာသာရပ်များ သင်ယူပြီးပါကလည်း စဉ်ဆက်မပြတ်လေ့လာဆည်းပူးကြရန် တိုက်တွန်းပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၆၀ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق