ပူတင်နဲ့ ရှီ ဗီကောခေါ်ပြီး ဘာတွေပြောကြတာလဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတင်နဲ့ ရှီ ဗီကောခေါ်ပြီး ဘာတွေပြောကြတာလဲ


ဇန်နဝါရီ - ၂၂ (ဗုဒ္ဓဟူးနေ့ ) 

တနင်္လာနေ့က အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုပါတယ်။ မနေ့က မနက်ပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဗီဒီယိုကောခေါ်ပြီး ၁ နာရီခွဲကျော်ကြာ စကားပြော ခဲ့ကြပါတယ်။ အဲ့ဒိအကြောင်းကို ရုရှားအစိုးရ ကရင်းမလင်းနန်တော်ကနေ သတင်းထုတ်ပြန်ပေးပါတယ်။ 

ပူတင်ရဲ့ လက်ထောက်တစ်ဦးဖြစ်တဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အရာရှိ ယူရီအက်ရှာကော့ဗ် ရဲ့ အပြောအရ ဆိုရင်တော့ သူတို့ ၂ ယောက်က နှစ်စဉ်လုပ်နေကြ တရုတ်နှစ်ကူးဆုတောင်းပြောဖို့အတွက် ဗီကောခေါ်တာပါ။ ဒါပေမဲ့ စကားစပ်မိရင် ယူကရိန်းကိစ္စ၊ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှု နဲ့ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်တို့အကြောင်းဆီကို ရောက်သွားတာပါလို့ သိရပါတယ်။ 

ပူတင်က ယူကရိန်းပဋိပက္ခကိုရပ်တန့်ဖို့အတွက် ဒေါ်နယ်ထရမ့်နဲ့ စကားပြောဖို့ ပြင်နေတယ်ဆိုပြီး ရှီကျင့်ဖျင်ကို ပြောပြပါတယ်။ ရှီကျင့်ဖျင့်ကတော့ အဲ့ဒါနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး ပြောစရာမရှိဘူးလို့ ဆိုတယ်။ သဘောကတော့ ဆက်လုပ်လို့ရတယ်ဆိုတဲ့ သဘောပါ။ မော်စကိုအစိုးရအနေနဲ့ ထရမ့်တို့ဘက်က စိတ်ဝင်စားတယ် ဆိုတာနဲ့ လုပ်ဖို့ကိုင်ဖို့ကိစ္စတွေကို အားလုံးပြင်ဆင်ထားပြီးသားလို့လည်း ပူတင်က ပြောပြပါတယ်။ 

ဒါပေမဲ့ အခုထိတော့ အိမ်ဖြူတော်ဘက်က ဖုန်းခေါ်ဆိုမှု မရရှိသေးဘူးလို့ အက်ရှာကောဗ့်က ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မဲဆွယ်စည်းရုံးစဉ်ကာလက သမ္မတရာထူး ရပြီးတာနဲ့ ၂၄ နာရီအတွင်း ရုရှား - ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ပေးမယ်လို့ ပြောခဲ့ပေမဲ့ အခု ၄၈ နာရီကျော်သွားတာတောင် တုတ်တုတ်မလှုတ်သေးပါဘူး။ ရုရှားနဲ့ ယူကရိန်းကြား မိုင် ၃၀၀ ရှိတဲ့စစ်မဲ့ဇုံတစ်ခုတည်ဆောက်ပေးသွားမယ် လို့လည်း ထရမ့်ရဲ့အကြံပေးတွေပြောထားတာတွေက မဖြစ်သေးပါဘူး။ စီအန်အန် သတင်းဌာနကလည်း ထရမ့်အနေနဲ့ ပူတင်နဲ့ ဖုန်းဆက်ဖို့အတွက် လုပ်နေပြီလို့ ပြောထားတာတော့ ရှိပါတယ်။ 

ရှီကျင့်ဖျင်ဘက်ကတော့ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားပေမဲ့ မော်စကိုနှင့် ဘေဂျင်းတို့ကြား စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုများ တည်ငြိမ်လာစေရေးကိုပဲ အဓိကထား ဆွေးနွေးပါတယ်။  ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အပါအဝင် “သယ်ယူပို့ဆောင်ရေး အပြန်အလှန်ဆက်သွယ်မှု ပိုမိုတိုးတက်ကောင်းမွန်ရန်၊ နယ်စပ်အခြေခံအဆောက်အအုံ၊ စစ်ဆေးရေးဂိတ်များကို ခေတ်မီအောင်ပြုလုပ်ရန်နှင့် ကျွန်ုပ်တို့နိုင်ငံအကြား ကုန်တင်ကုန်ချသွားလာမှုကို တိုးမြှင့်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ် ” လို့ သိရပါတယ်။ 

ပူတင်နှင့် ရှီတို့သည် စီစဉ်ထားသည့်အတိုင်း တိုးတက်နေသည့် အရှေ့ဖျား ပိုက်လိုင်းလမ်းကြောင်း အပါအဝင် စွမ်းအင်ဆိုင်ရာ ပူးတွဲစီမံကိန်းများအကြောင်း၊ မော်စကိုနှင့် ပေကျင်းတို့ သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဆာခါလင်ကျွန်း ကမ်းလွန်မှ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ ပေးပို့မှု ကိစ္စအကြောင်း၊ ၂၀၂၇ မှာ စပို့လို့ရမယ့်အကြောင်း၊  Power of Siberia 2 mega ပိုက်လိုင်းနှင့် တရုတ်နျူကလီးယားဓာတ်အားပေးစက်ရုံနှစ်ခုတွင် လျှပ်စစ်ဓာတ်အားပေး ယူနစ်များ တည်ဆောက်ရေးကဲ့သို့သော ပူးတွဲပဏာမ ခြေလှမ်းများတွင်လည်း လုပ်ဆောင်နေကြောင်းတွေကို ဆွေးနွေးခဲ့ပါတယ်။ 


REF - RT

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)