ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များကဝင်ရောက်ပြီး ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းအမှားများရေးသားဖြန့်ဝေလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များကဝင်ရောက်ပြီး ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းအမှားများရေးသားဖြန့်ဝေလျက်ရှိ



နေပြည်တော်၊ ဇန်နဝါရီ   ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေ သည်ကိုတွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါမြို့နယ်အတွင်း အကြမ်းဖက်သမားများ စိမ့်ဝင်နေထိုင်ပြီး အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိစေရေး နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဥပဒေ နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး၊ ကျေးရွာများနှင့် စာသင်ကျောင်းများအား မီးရှို့ဖျက်စီးခြင်းမရှိ ကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းအပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံတော်ကိုအလုံးစုံပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင် လျက်ရှိသည်မှာ ပြည်သူများအသိပင်ဖြစ်ကြောင်း၊ အထက်ပါသတင်းသည် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများမှ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်ရည်ရွယ်ချက်ဖြင့် လုပ်ကြံရေးသားဖြန့်ဝေ နေသည့် သတင်းအမှားသာဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)