Pages

Pages

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်မှု ကြောင့် ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေ

 


နေပြည်တော်၊ ဇန်နဝါရီ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာကို ဇန်နဝါရီ ၂၂ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် အလားတူ အရှေ့သာရဖုံကျေးရွာကိုလည်း ဇန်နဝါရီလ ၂၃ ရက်က လက်နက်ကြီးပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေနေရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ တနင်္သာရီမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ကာကွယ်စောင့်ရှောက်လျက်ရှိသည့်အတွက် ပြည်သူများနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်ခြင်းမရှိကြောင်း၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်သမားများ ခိုအောင်းနေထိုင် လှုပ်ရှားနေသည့် နေရာများကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့်နယ်မြေလုံခြုံရေးများ ဆောင်ရွက်လျက်ရှိသည့်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် အထင်အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများဖြင့် ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News #FakeNews

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق