ဗုဒ္ဓယဉ်ကျေးမှုသည် တရုတ် မြန်မာ ပေါက်ဖေါ်ချစ်ကြည်ရေး၊ နှစ်နိုင်ငံဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြင့်စေသည့် ပေါင်းကူးတံတား ဟုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗုဒ္ဓယဉ်ကျေးမှုသည် တရုတ် မြန်မာ ပေါက်ဖေါ်ချစ်ကြည်ရေး၊ နှစ်နိုင်ငံဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြင့်စေသည့် ပေါင်းကူးတံတား ဟုဆို









မန္တလေး၊ ဇန်နဝါရီ  ၂၆ 

မြန်မာနိုင်ငံ၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက မန္တလေးမဟာမြတ်မုနိဘုရားကြီးအတွက် ဆိုလာမီးများ လှူဒါန်းခဲ့ကြောင်း မန္တလေးအခြေစိုက်တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

မန္တလေးမဟာမြတ်မုနိဘုရားကြီးအတွက် ဆိုလာမီးလှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ လှူဒါန်းပွဲသို့ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် MS.GAO PING၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ အဓိကအရာရှိများ၊တိုင်းဒေသကြီးအစိုးရဝန် ကြီးများ၊မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းနှင့်မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(မန္တလေးရုံးခွဲ)တို့မှတာဝန်ရှိသူများအပါအဝင် လူပုဂ္ဂိုလ်(၁၀၀)ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်သည် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူ ထောင်ခဲ့သည့်(၇၅)နှစ်မြောက်အချိန်အခါဖြစ်ကြောင်း၊ ယင်း လှူဒါန်းရသည့် ရည်ရွယ်ချက်သည် နှစ်နိုင်ငံအကြားယဉ်ကျေးမှုဖလှယ်ရေး၊ ပြည်သူ့နှလုံးသားချင်းချိတ်ဆက်ရေးကို တိုးမြင့်စေကာ နှစ်ဖက်ချစ်ကြည်စွာပူး ပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ်နက်ရှိုင်းစေလိုကြောင်း၊ မဟာမုနိဘုရားကြီးသည်သမိုင်းယဉ်ကျေးမှု နက်နဲလှကြောင်း ကောင်စစ်ဝန်ချုပ်MS.GAO PINGက ပြောကြားသည်။

ဗုဒ္ဓယဉ်ကျေးမှုသည် တရုတ်မြန်မာပေါက်ဖေါ်ချစ်ကြည်ရေး နှင့်နှစ်နိုင်ငံဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြင့်စေသည့်ပေါင်းကူးတံတားပင်ဖြစ်ကြောင်း၊နှစ်နိုင်ငံ၏ဗုဒ္ဓယဉ်ကျေးမှုနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမို၍နက်ရှိုင်းလာကာ တရုတ်မြန်မာချစ်ကြည်ရေးဖွံ့ ဖြိုးမှုအတွက်ခွန်အားသစ်များကိုသွန်းလောင်းနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဆိုလာမီးလှူဒါန်းရခြင်းသည် ဘုရားဖူးအတွက်ပိုမိုအဆင်ပြေသောအခြေအနေမျိုးကိုဖန်တီးပေးခြင်းပင်ဖြစ်ကြောင်း၊ တရုတ်ခရီးသွားဧည့်သည်များအပါအဝင် ကမ္ဘာ့ခရီးသွားဧည့်သည်များအား ဗုဒ္ဓယဉ်ကျေးမှုကို ပိုမိုနားလည်သိရှိပေးစေကာ တရုတ်မြန်မာနှစ်နိုင်ငံပြည်သူ များအကြား နားလည်မှုနှင့်ချစ်ကြည်ရေးကို တိုးမြင့်စေလိုကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမှုအတွက် လည်း ခွန်အားအချို့ပေးဆပ်လိုခြင်းဖြစ်ကြောင်း၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအနေနှင့် တရုတ်-မြန်မာနှစ်နိုင်ငံ၏ဗုဒ္ဓ ဘာသာ၊ယဉ်ကျေးမှု ၊ခရီးသွားလုပ်ငန်းစသည့်နယ်ပယ်များ၌လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ၍အားပေးတွန်းတင်ပေးမှာဖြစ်ကြောင်း ကောင်စစ်ဝန်ချုပ်MS.GAO PINGက ပြောသည်။

တရုတ်နှစ်သစ်ကူးအချိန်အခါသမယတွင် ကောင်စစ်ဝန်ချုပ်MS.GAO PING နှင့်အတူလှူဒါန်းခြင်းအခမ်းအနားကို တက်ရောက်နိုင်သဖြင့်ဂုဏ်ယူမိကြောင်း၊ ကောင်စစ်ဝန်ချုပ်ရုံးက မဟာမြတ်မုနိဘုရားကြီးအတွက် လှူဒါန်းခြင်းကို အထူးပင်ကျေးဇူးတင်ရှိကြောင်း၊တရုတ်-မြန်မာ ပေါက်ဖေါ်ဆက်ဆံရေးသည် သမိုင်းရှည်ကြာလှကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသာသနာယဉ်ကျေးမှုဖွံ့ဖြိုး ရေးများတွင် ရေရှည်ကူညီပေးလျက်ရှိနေခြင်းသည် တန်ဖိုးကြီးလှကြောင်း၊မန္တလေးတိုင်းဒေသကြီးသည် ကောင်စစ်ဝန်ချုပ် ရုံးနှင့်အစဉ်တစိုက် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်း ၊မြန်မာ-တရုတ်ချစ်ကြည်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုအသစ်များကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်က ပြောကြားသည်။

အဆိုပါ ဆိုလာလှူဒါန်းခြင်း အခမ်းအနားတွင် ကောင်စစ်ဝန်ချုပ်MS.GAO PING နှင့်ဝန်ကြီးချုပ်ဦးမျိုးအောင်တို့က ဆိုလာမီးလှူဒါန်းခြင်းအတွက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လှူဒါန်းခြင်းအမှတ်တရကဗ္ဗည်းကျောက်စာကိုလည်း ဖွင့်လှစ်ကာ မြန်မာယဉ်ကျေးမှုထုံးတမ်းစဉ်လာအရအမွှေးနံ့သာရည်များပက်ဖြန်းခဲ့ကြကြောင်း သိရသည်။ယခုအကြိမ် ဆိုလာလှူဒါန်းခြင်းကို မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း ကကူညီခဲ့ကြောင်း သိရသည်။


Ref - (Xinhua)

#MNP #News #Mandalay

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)