Pages

Pages

မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးမှ နော်ဝေနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအား သွားရောက်တွေ့ဆုံ


အော်စလို၊ ဇန်နဝါရီ ၂၈

 မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၇-၁-၂၀၂၅ ရက်၊ တနင်္လာနေ့ (၁၀၃၀)နာရီအချိန်တွင် နော်ဝေနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Ms. Nitivadee Manitkul အား အော်စလိုမြို့ရှိ ထိုင်းနိုင်ငံသံရုံးသို့ သွားရောက် တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် သံအမတ်ကြီးများသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ အကြား ကာလရှည်ကြာတည်ရှိခဲ့သော ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးမှု ပိုမိုခိုင်မာရေးနှင့် အာဆီယံ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးတို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 


#MNP #News #Asolo

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق