Pages

Pages

တာချီလိတ်မြို့နယ်စာရေးဆရာအသင်း “နေ့သစ်ရည်ညွှန်းစာကြည်တိုက်” တည်ထောင်ခြင်း (၁၀)နှစ်ပြည့် “သံဖြူရတု”အထိမ်းအမှတ် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်



တာချီလိတ်၊ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း “နေ့သစ်ရည်ညွှန်း စာကြည်တိုက်” တည်ထောင်ခြင်း (၁၀)နှစ်ပြည့် “သံဖြူရတု” အထိမ်းအမှတ် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(ခ) ရပ်ကွက်၊  တာချီလိတ်မြို့နယ် စာရေးဆရာအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာ၊ ပရဟိတ ရွှေတောင်တန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခမာဝုဓထံမှ မြို့နယ်စာရေးဆရာအသင်းနာယကများ၊ ဥက္ကဋ္ဌ ဦးစံသိန်း(ဒူယား)၊ အသင်းအမှုဆောင်များနှင့်အဖွဲ့ဝင်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ဘဒ္ဒန္တခမာဝုဓ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်သော မေတ္တာသုတ်တရားတော်ကို နာယူကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းနာယက ဦးစိုးစိုး(စိုးသီဟ)က အသင်းသမိုင်းအကြောင်းကိုလည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစံသိန်း(ဒူယား)က မြို့နယ်စာရေးဆရာအသင်း တည်ထောင်ခြင်း (၂၅)နှစ်တာ ငွေရတုကာလနှင့် အသင်း၏ “နေ့သစ်ရည်ညွှန်းစာကြည်တိုက်” ဖွင့်လှစ်တည်ထောင်ခြင်း (၁၀)နှစ်ပြည့် သံဖြူရတုတိုင်အောင် ဖြတ်သန်းခဲ့သည့် လုပ်ငန်းဆိုင်ရာများနှင့် ဖြစ်ပေါ်လာပုံတို့ကို ရှင်းလင်းတင်ပြသည်။

အဆိုပါ တာချီလိတ်မြို့နယ်စာပေနှင့် စာနယ်ဇင်းအဖွဲ့ကို ၁၉၉၉ ခုနှစ်၊ မေလ ၁၇ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မြို့နယ်စာရေးဆရာအသင်းအဖြစ် ပြောင်းလဲဖွဲ့စည်းကာ စာပေရေးရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကျော်ဇေယျာလင်း 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق