Pages

Pages

ပူတင်ကိုလုပ်ကြံဖို့ ဘိုင်ဒန်စဉ်းစားခဲ့တယ်လို ဂျာနယ်လစ်တစ်ယောက်ကဖောက်ချ




ဇန်နဝါရီ - ၃၀ ( ကြာသပတေးနေ့ ) 

ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ကို လုပ်ကြံသတ်ဖြတ်ရန် ယခင်အမေရိကန်အစိုးရ သမ္မတ ဂျိုးဘိုင်ဒင်က စီစဉ်ခဲ့တယ်လို့ အမေရိကန်ဂျာနယ်လစ် တက်ကာကာလ်ဆင် စွတ်စွဲပြောဆိုလိုက်ပါတယ်။ 

တနင်္လာနေ့က အင်တာဗျူးတစ်ခုတွင် ကာလ်ဆင် က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘလင်ကင်  က “ဥပမာ ပူတင်ကို သတ်ဖို့ ကြိုးပမ်းနေတဲ့ စစ်မှန်တဲ့စစ်ပွဲကြီး [ဝါရှင်တန်နဲ့ မော်စကိုကြား] အတွက် ပြင်းပြင်းထန်ထန် တွန်းအားပေးနေတယ်” လို့ ပြောဖူးပါတယ်လို့ ဆိုပါတယ်။  စွပ်စွဲခံထားရတဲ့ လုပ်ကြံမှု အသေးစိတ် အချက်အလက်များကိုမူ ၎င်းက ပြောကြားခဲ့ခြင်း မရှိသော်လည်း "ဘိုင်ဒင်အစိုးရသည် ပူတင်ကို သတ်ရန် ကြိုးစားခဲ့သည်" ဟု အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ကာလ်ဆင်ရဲ့ စွပ်စွဲချက်ကို "အလေးအနက် ထားရမယ်" လို့ ရုရှားပါလီမန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဗိုလိုဒင်က တယ်လီဂရမ်တွင်  ပိုစ်တင် ရေးသားခဲ့ပါတယ် ။ 

“တစ်ရက်ပြီးတစ်ရက်ကုန်သာသွားတယ်။ လူတိုင်းက နှုတ်ဆိတ်နေကြတယ်။  ဘိုင်ဒန်ရော၊ ဘလင်ကင် ပါ အခုလို ထုတ်ဖော်ပြောဆိုခဲ့တာကို ငြင်းဆိုထားခြင်း မရှိခဲ့ဘူး”လို့ သတင်းထောက်က ပြောပါတယ်။  ပူတင်ကို လုပ်ကြံရန် အစီအစဉ်အကြောင်း ဆွေးနွေးမှုသည် ရာဇဝတ်မှုတစ်ခုဖြစ်သည်။ ကမ္ဘာ့လုံခြုံရေးကို ပြင်းထန်စွာ ခြိမ်းခြောက်မှု၊ နျူကလီးယားစစ်ပွဲ ဖြစ်လာဖို့ တိုက်ရိုက်လမ်းကြောင်းတစ်ခုပါ” လို့ ဥက္ကဋ္ဌက  သတိပေးခဲ့ပါတယ်။ 

“နိုင်ငံတကာ အဖွဲအစည်းအားလုံးအနေနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ သင့်ပါတယ်။ တက်ကာ ကာလ်ဆင်  ပြောခဲ့တာတွေကို သေချာစွာ စုံစမ်းစစ်ဆေးရပါမယ်။ ဘိုင်ဒန် နှင့် ဘလင်ကင် တို့သည် တာဝန်ခံ ရမယ် ” လို ဗိုလိုဒင်ကဆိုပါတယ်။  

၂၀၂၃ မေလက ယူကရိန်းစစ်တပ်က ဒရုန်းတွေသုံးပြီး ရုရှား အစိုးရ ကရင်မလင်းနန်းတော်ကို တိုက်ခိုက်ခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး ဂျာနယ်လစ်က ဖော်ကောင်လုပ်တာပဲ ဖြစ်မယ်လို့ ရုရှား မီဒီယာတွေက ဖော်ပြပါတယ်။ 


REF - Hindustan Times

#MNP #American

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق