မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပိုရာတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ပိုကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာရမည့်အချက်များအား အသိပညာမျှဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပိုရာတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ပိုကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာရမည့်အချက်များအား အသိပညာမျှဝေ


နေပြည်တော်၊ ဇန်နဝါရီ ၂၂

မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ပို့ကုန်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာရမည့်အချက်များအား အသိပညာမျှဝေခြင်း ဆွေးနွေးပွဲအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် ရှိ Horizon Lake View Resort ၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးတိုမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး တရုတ်နိုင်ငံ GACC မှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ပိုမိုထုတ်လုပ်လာသည်နှင့်အမျှ ပြည်တွင်းစားသုံးမှုပိုလျှံသည်များကို ပြည်ပဈေးကွက်သို့တင်ပို့ရောင်းချရကြောင်း၊ ယခုအသိ ပညာမျှဝေခြင်းအစီအစဉ်၌ မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပိုသည့် လုပ်ငန်းစဉ်များ၊ လိုအပ်သောစာရွက်စာတမ်းများ၊ စံနှုန်းလိုက်နာမှုအပါအဝင် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံကြား ဈေးကွက်ထိုးဖောက်မှု မဟာဗျူဟာများကို သိရှိနားလည်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံအကြား စီးပွားရေးကဏ္ဍအတွက် အတားအဆီးများနှင့်အခက်အခဲများ လျော့နည်းလာစေရန် တင်ပိုမှုဆိုင်ရာလမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးနိုင်ကြမည်ဖြစ်ကြောင်း၊ အလားတူကုန်သွယ်မှုလုပ်ငန်းစဉ်များ ဖွံဖြိုးတိုးတက်စေပြီး မြန်မာနှင့်တရုတ်ကုန်သည်များအကြား အသိပညာနှင့် အတားအဆီးနည်းသော ကုန်သွယ်မှုအလေ့အကျင့်များကို မျှဝေခြင်းဖြင့် ဆက်ဆံရေးပိုမို ခိုင်မာလာစေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ နေပြည်တော်ရုံးခွဲ ကိုယ်စားလှယ်က အမှာစကားပြောကြားပြီး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်လျက်ရှိသည့် အဓိကလုပ်ငန်းများ၊ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း  သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)