ဟင်္သာတမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ယုန်သလင်း) နယ်လှည့်အသိပညာပေး ဟောပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ယုန်သလင်း) နယ်လှည့်အသိပညာပေး ဟောပွဲပြုလုပ်



ဟင်္သာတ၊ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ယုန်သလင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ယုန်သလင်း အ.ထ.ကကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာမဒေါ်ရွှေဇင်ထိုက်မှ ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို အဖွင့်ပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က "စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူ ဥပဒေများသိကောင်းစရာ" ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ပါသည်။

ထို့နောက် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက "လူမျိုးမြှင့်ဖို့ စာဖတ်စို့" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူ ဒေါ်ဖြိုးစန္ဒာဝင်းက လူငယ်နှင့်အားကစားအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲအပြီးတွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက် အတွက် စာအုပ်များလှူဒါန်းခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ကျောင်းသား/သူများအတွက် ဘောလုံး၊ ခြင်းလုံးတို့ကို လှူဒါန်းခဲ့သည်။ ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များနှင့် လူကုန်ကူးမှု အသိပညာပေးနံရံကပ်စာစောင်တို့ကို တက်ရောက်လာသူများက လေ့လာကြည့်ရှု ခဲ့ကြကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)