နေပြည်တော်၊ ဇန်နဝါရီ ၃၀
ပေါင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ပေါင် မြို့နယ် ကဒုံစီးရပ်ကွက်နေ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် မော်ကွန်းဝင်တတိယအဆင့် တပ်သား ချစ်လှ (အငြိမ်းစား) အသက် ၁၀၃ နှစ်အား ဂါရဝပြုချီးမြှင့် ငွေများ သွားရောက်ပေးအပ်ကြသည်။
ဦးစွာ မြို့နယ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တပ်သား ချစ်လှ (အငြိမ်းစား) အား ဂါရဝပြု နှုတ်ဆက် စကားပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်က ချီးမြှင့်ငွေကျပ် ၅၀၀၀၀၊ မွန်ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့က ချီးမြှင့်ငွေကျပ် ၅၀၀၀၀ နှင့် ပေါင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ချီးမြှင့်ငွေကျပ် ၅၀၀၀၀ စုစုပေါင်း ငွေကျပ် ၁၅၀၀၀၀ ကို ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂါရဝပြုချီးမြှင့်ပေးအပ်ကြကြောင်းနှင့် နှစ်စဉ်ဆက်လက်၍ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#MNP #News #Paung
Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق