ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ပေါ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံးပြီး အဆောက်အဦး တချို့ထိမှန်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများ မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ပေါ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံးပြီး အဆောက်အဦး တချို့ထိမှန်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများ မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ ဇန်နဝါရီ  ၂၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ပေါ်သို့ ဇန်နဝါရီလ(၂၃) ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံးပြီး အဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့ကြောင်း မဟုတ်မမှန်သတင်းများကို တရားမဝင် ပြည်ဖျက် မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ပစ်ခတ် တိုက်ခိုက်ခြင်း မရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အား ထောက်ခံအားပေးခြင်း မရှိသည့် နယ်မြေများအား ၎င်းတို့အပေါ် အကြောက်တရားလွှမ်းမိုးစေရန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်မှတဆင့် သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News #FakeNews

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)