မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဓာတ်ခွဲခန်းတွင် စားသောက်ကုန်၊ လူသုံးကုန်နှင့်အလှကုန်ပစ္စည်းများ ဓာတ်ခွဲစမ်းသပ်ပေးနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဓာတ်ခွဲခန်းတွင် စားသောက်ကုန်၊ လူသုံးကုန်နှင့်အလှကုန်ပစ္စည်းများ ဓာတ်ခွဲစမ်းသပ်ပေးနေ


မန္တလေး၊ ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ ဓာတ်ခွဲခန်းတွင် စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်လုပ်ငန်းများ မှတ်ပုံတင်ဆောင်ရွက်ရာတွင် ဓာတုဓာတ်ခွဲပေးခြင်း (Chemical Analysis)ဖြင့် Nutirtion စမ်းသပ်ခြင်းနှင့် အဏုဇီဝဓာတ်ခွဲစမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များမှ ထုတ်လုပ်ရောင်းချမည့်   စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်း အမျိုးအမည်များကို ဓာတ်ခွဲစမ်းသပ်ပေးလျက် ရှိရာလက်ရှိတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အမျိုးအစားပေါင်း ၉၁၈ ခုကို ဓာတ်ခွဲ စမ်းသပ်မှု ပြုလုပ်ပေးထားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူးထံက သိရသည်။

“အဓိကအားဖြင့် လုပ်ငန်းရှင်တွေ ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုဆေးဝါးတွေပါဝင်မှုမရှိစေရန်နဲ့ ဈေးကွက်အတွင်း ဝင်ရောက်လာမှုမရှိစေရန်အတွက် ထုတ်ကုန်ပစ္စည်းတွေကို ဓာတ်ခွဲစမ်းသပ်ခြင်းနှစ်မျိုးနဲ့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်၊ ဓာတ်ခွဲမှုမှာ စားသောက်ကုန်လုပ်ငန်းတွေက အများဆုံးလာပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းဗိုလ်ကပြောခဲ့သည်။

ယခုဘဏ္ဍာနှစ်တွင် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များက ထုတ်လုပ်ရောင်းချမည့် ကုန်ပစ္စည်းအမျိုးအမည် ၆၂၅ မျိုးကို လျာထားဓာတ်ခွဲစမ်းသပ်ပေးသွားမည်ဖြစ်ပြီး ဓာတုဗေဒဓာတ်ခွဲ စမ်းသပ်ပေးခြင်း ၄၁၆ မျိုး နှင့် အဏုဇီဝဓာတ်ခွဲစမ်းသပ်ပေးခြင်း ၂၀၉ မျိုး ဓာတ်ခွဲစမ်းသပ်ပေးသွား မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဓာတုဗေဒ ဓာတ်ခွဲစမ်းသပ်ပေးခြင်းဖြင့် ၃၈၃ မျိုးနှင့် အဏုဇိဝ ဓာတ်ခွဲစမ်းသပ်ပေးခြင်း ၅၃၅ မျိုး  စုစုပေါင်း ၉၁၈ မျိုးကိုဓာတ်ခွဲစမ်းသပ်ပေးခဲ့ပြီး လျာထားချက်ထက်ကျော်၍ ဓာတ်ခွဲစမ်းသပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

“စားသောက်ကုန်တွေမှာ ခွင့်မပြုထားတဲ့ ဓာတုဆိုးဆေးတွေ ပါဝင်မှုရှိမရှိ စားသုံးသူတွေကို ဘေးအန္တရာယ်ဖြစ်စေမယ့် ခဲအဆိပ်ဓာတ် ပါဝင်မှုရှိမရှိ ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်မှို ပါဝင်မှုရှိမရှိနဲ့ အဏုဇိဝပိုးမွှား တွေပါဝင်မှုရှိမရှိ စတာတွေကို ဓာတုဗေဒဓာတ်ခွဲစမ်းသပ်ပေး ခြင်းနဲ့ အဏုဇိဝဓာတ်ခွဲစမ်းသပ်ခြင်းတို့နဲ့ဆောင်ရွက်ပေးနေပါတယ်”ဟု ဆက်လက်ပြောသည်။

မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းပြုလုပ်နေသူများကို ဘဏ္ဍာနှစ်အလိုက် ဓာတ်ခွဲစမ်းသပ်ပေးနေကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်စားသောက်ကုန်၊ လူသုံးကုန်နှင့်အလှကုန်ပစ္စည်း ဓာတ်ခွဲ ဆောင်ရွက်မှု ၃၂၄ ကြိမ်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၆၁၅ ကြိမ်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၈၇၉ ကြိမ်ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  ၉၁၈ ကြိမ် ဓာတ်ခွဲစမ်းသပ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)