တာမွေ၊ ဇန်နဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက် (၁၄၀)လမ်း၊ အမှတ်(၃၆/အေ)ရှိ RCC (၁)ခန်း (၈)ထပ် တိုက်အမျိုးအစား (၄)လွှာတွင် ဇန်နဝါရီလ(၂၆)ရက်နေ့ ည (၈)နာရီ (၂၀)မိနစ်အချိန်က အိပ်ခန်းအတွင်းရှိ မီးကြိုးခွေတပ်ဆင်ထားသော မီးပလပ်ခေါင်း အပူလွန်ကဲ၍ အရည်ပျော်ပြီး မီးပွားကျရာမှ အောက်ရှိ မွေ့ယာပေါ်သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အရေးပေါ် ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့ဖြင့် ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ ည (၈)နာရီ(၄၀)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် အဝတ်အစားများနှင့် မွေ့ယာတစ်ခုတို့ မီးလောင် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ်တစ်သိန်းထိရှိကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အိမ်ငှား ဒေါ်တင်အေးဝင်းအား တာမွေမြို့မရဲစခန်းမှ (ပ) ၃၀/ ၂၀၂၅/ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)
#MNP #News #Yangon #Fire
https://t.me/MyanmarNationalPost





ليست هناك تعليقات:
إرسال تعليق