ကနေဒါကို အမေရိကန်နိုင်ငံထဲကို ဆွဲသွင်းမယ်လို့ ထရမ့် ထပ်ပြောပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကနေဒါကို အမေရိကန်နိုင်ငံထဲကို ဆွဲသွင်းမယ်လို့ ထရမ့် ထပ်ပြောပြီ


ဇန်နဝါရီ - ၂၇ ( တနင်္လာနေ့ ) 

စနေနေ့က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များနှင့် စကားပြောရာတွင် အမေရိကန်၏ ထောက်ပံ့မှုများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများမရှိဘဲ ကနေဒါသည် တည်ရှိနေမည်မဟုတ်ကြောင်း အမေရိကန်သမ္မတသစ် ထရမ့် က ပြောကြားခဲ့သည်။  ကနေဒါနိုင်ငံက အမေရိကန်နိုင်ငံအပေါ် အခွင့်ကောင်းယူ နေတာကြာပြီဖြစ်လို့ နောက်ထပ်အခွင့်အရေး ထပ်မပေးနိုင်တော့ကြောင်း နဲ့ အမေရိကားရဲ့ ၅၁ ခုမြောက် ပြည်နယ် အဖြစ် ထူထောင်လိုကြောင်း ၎င်းက ဆိုပါသည်။ 

ထရမ့်က အဆိုပါ မှတ်ချက်မျိုးကို အစောပိုင်းကလည်း ပြောခဲ့ပြီးဖြစ်ပါတယ်။ ၎င်းအပြင် အမေရိကန်အစိုးရအဖွဲ့ ကိုလည်း ကနေဒါနိုင်ငံနဲ့ပတ်သက်လာရင် ကိုယ်နိုင်ငံက ပြည်နယ်တစ်ခုအဖြစ်နဲ့ သက်မှတ်လို့ရကြောင်း အကြံပြုထားပါတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး ကနေဒါအစိုးရက ပြတ်ပြတ်သားသား ငြင်းပယ်ထားပါတယ်။ 

“ကျွန်တော်တို့ရဲ့ ထောက်ပံ့ကြေးမရှိရင် ကနေဒါက တကယ်ရှိမှာမဟုတ်ဘူး။ ကနေဒါက ကျွန်တော်တို့ကို လုံးလုံးလျားလျား မှီခိုနေတာကြောင့် သူတို့ဟာ ကျွန်တော်တို့ရဲ့ ပြည်နယ်တစ်ခု ဖြစ်သင့်တယ်” လို့ ၎င်းကဆိုပါတယ်။ ကနေဒါသည် "ကျွန်ုပ်တို့ကို ကုန်သွယ်မှုတွင် အလွန်တရားမျှတစွာ ဆက်ဆံခြင်းမရှိ" လို့ စွပ်စွဲထားပြီး  ကနေဒါနဲ့ပတ်သက်လို့  ကုန်သွယ်ရေးလိုငွေက တစ်နှစ်လျှင် ဒေါ်လာ ၂၅၀ ဘီလီယံ ဆုံးရှုံးနေကြောင်း၊ ကနေဒါက အမေရိကန်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်း ၉၀% နီးပါးကို လုပ်ဆောင်နေရတယ်" လို့လည်း စွပ်စွဲခဲ့ပါတယ်။ 

“ဒါကို တစ်ရက်တည်းနဲ့ တားနိုင်တယ်၊ အဲဒါကို ရပ်လိုက်မယ်ဆိုရင် ကနေဒါနိုင်ငံဟာ နိုင်ငံတစ်ခုအနေနဲ့ တည်ရှိနေမှာ မဟုတ်ပါဘူး၊ အဲဒီနိုင်ငံဟာ နိုင်ငံတစ်ခုမဟုတ်ရင် နိုင်ငံတစ်နိုင်ငံကို ကူညီထောက်ပံ့ဖို့ ဒေါ်လာ သန်းရာနဲ့ချီပြီး မသုံးချင်ပါဘူး” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။  “ပြည်နယ်တစ်ခုဆိုရင် ကနေဒါပြည်သူတွေဟာ အခွန်ပိုသက်သာတယ်။ သူတို့ရဲ့ အခွန်တွေ ထက်ဝက်လျှော့သွားမယ်။ သူတို့က ပိုကောင်းသော ကုသမှု၊ ပိုကောင်းသော စောင့်ရှောက်မှုများ ရရှိလိမ့်မယ်။ ကနေဒါနိုင်ငံသားများသည် “စစ်ရေးပြဿနာမရှိ” သည့်အပြင် “ပိုမိုလုံခြုံလာမယ်” လို့ ၎င်းက ဆိုပါတယ်။  "ကနေဒါအတွက် ကောင်းမွန်တဲ့အရာလို့ ကျွန်တော်ထင်ပါတယ်... ရိုးရိုးသားသားပြောရရင် နိုင်ငံတစ်ခုအစား  ပြည်နယ်တစ်ခုလို့ပဲ ကျွန်တော်မြင်ပါတယ်" လို့ပြောသွားပါတယ်။ 


REF - RT

#MNP #News #American #Trump

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)