Pages

Pages

ဒေါ်နယ်ထရမ့် သမ္မတရာထူး လက်ခံပြီးနောက် လှုတ်လှုတ်ရှားရှားသတင်းများ







ဇန်နဝါရီ ၂၁ ( အင်္ဂါနေ့ ) 

ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မက်စ်က အာကာသလေ့လာရေးနဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ အမေရိကန်အလံ စိုက်ထူးနိုင်ရေးအတွက် သမ္မတဒေါ်နယ်ထရမ့်ရဲ့ အကူအညီတွေ အများကြီး ရနိုင်ပြီလို့ လက်မထောင် ဟစ်ကြွေးခဲ့ပါတယ်။ 

၁၉၆၃ ခုနှစ် အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ လုပ်ကြံခံရချိန်မှာ ဂျွန်ဆင်က အဲဖို့စ် ဝမ်းလေယာဉ်ပေါ်မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ဆိုခဲ့ပါတယ်။ အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ကျမ်းကိုင်အဖြစ် ပေါ်ပေါက်လာပါတယ်။ ထရမ့်ရဲ့ ကျမ်းကိုင်က သူရဲ့ဇနီး မယ်လာနီယာ ဖြစ်ပါတယ်။ ဂျွန်ဆင်က အမေရိကန်သမ္မတတွေထဲမှာ လေယာဉ်ပေါ်မှာ ကျမ်းသစ္စာဆိုခဲ့ရတဲ့ တစ်ဦးတည်းသော သမ္မတပါ။

သမ္မတ ဒေါ်နယ်ထရမ့် က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOကို ကိုဗစ်-၁၉ ကိစ္စနဲ့ မကျေမနပ်ဖြစ်နေတာကြာပါပြီ။ ဒါကြောင့် သမ္မတဖြစ်တာနဲ့ WHO ကနေ အမေရိကန်ထွက်ဖို့အတွက် လက်မှတ်ထိုးပေးလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့ အခြစိုက် WHO ကို အမေရိကန်က အဓိက စပွန်ဆာပေးထာတာပါ။  ၁၉၄၈ ကတည်းက အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပါတယ်။ 

အိမ်ဖြူတော် ဝက်ဘ်ဆိုက်ရဲ့ ပင်မစာမျက်နှာကို ဒေါ်နယ်ထရမ့်က သူ့ရဲ့ပုံနဲ့ အမေရိကန်ပြန်လာပြီ ဆိုတဲ့ စာတန်း ထည့်ကာ အဆင့်မြင့်ပြင်ဆင်လိုက်ပါတယ်။ ကျနော်အသက်ရှုလိုက်တိုင်း နေ့စဉ်နေ့တိုင်း ခင်ဗျားတို့အတွက် တိုက်ခိုက်ပေးမယ်။ အမေရိကန်တွေ မကြွယ်ဝမချင်း၊ မသန်မာမချင်း ကျနော်မနားပါဘူး ဆိုတဲ့ စာလည်းပါ ပါတယ်။ 

သမ္မတကတော် မယ်လာနီက ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကိုတက်ဖို့ အမေရိကန် နာမည်ကြီး ဒီဇိုင်နာ ၂ယောက် ခေါ်ခဲ့တယ်လို့သိရပါတယ်။ ဦးထုတ်၊ ကုတ်၊ ဘောင်းဘီ နဲ့ လက်အိပ် အားလုံးကို အနက်ရောင်ဆင်ခဲ့ပါတယ်။ 

သမ္မတထရမ့်က သူ့အစိုးရအဖွဲ့မှာ အမျိုးသား နဲ့ အမျိုးသမီး လိင် ၂မျိုးနဲ့ပဲ ဖွဲ့စည်းမယ်လို့ ပြောသွားပါတယ်။ အများပြည်သူရဲ့ သဘောကိုလိုက်ပြီး လိင်ပိုင်းဆိုင်ရာကိစ္စတွေကို ထိန်းချုပ်ဖို့အတွက် ကျနော်တို့ အစိုးရလုပ်သွားမယ်လို့ ဆိုပါတယ်။ 

ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ၅၀ ကြိမ်မြောက် ကျမ်းသစ္စာ လာကျိန်တော့ မုတ်ဆိပ်မွှေး မရိပ်ဘဲနဲ့ ကျိန်ဆိုခဲ့ပါတယ်။ အဲ့ဒါကလည်းအမေရိကန်သမ္မတသမိုင်းမှာ ပထမဆုံးအကြိမ်ပါပဲ။ အသက် ၄၀ ပဲရှိသေးလို့ အသက်အငယ်ဆုံး ဒုသမ္မတ ဖြစ်လာပါတယ်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق