Pages

Pages

ရာထူးတာဝန်ယူပြီး “နာရီအနည်းငယ်အတွင်း” ဘိုင်ဒန်၏ သမ္မတအမိန့်ကြေညာချက် အများအပြားကို ပယ်ဖျက်မည်ဟု ထရမ့်ပြော



ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ 

အမေရိကန် ရွေးကောက်ခံ သမ္မတ ထရမ့်က ဇန်နဝါရီ ၂၀ ရက် ၎င်း တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုမှုအပြီး “နာရီအနည်းငယ်အတွင်း” ဘိုင်ဒန်၏ သမ္မတအမိန့် ကြေညာချက်အများအပြားကို ပယ်ဖျက်မည်ဟု ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ထရမ့်က ဘိုင်ဒန်အစိုးရ၏ “တယူသန်ပြီး မိုက်မဲသော” သမ္မတအမိန့် ကြေညာချက်တိုင်းကို ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုမှုအပြီး နာရီအနည်းငယ်အတွင်း ရုပ်သိမ်းမည်ဟု ဇန်နဝါရီ ၁၉ ရက် ညနေပိုင်း မြို့တော် ဝါရှင်တန် အထူးဇုန်ရှိ Capital One Arena အားကစားရုံတွင် ကျင်းပသော စုဝေးပွဲ၌ ပြောကြားခဲ့သည်။ မိမိ၏ ရာထူးတာဝန်ထမ်းဆောင်မှုက “အမေရိကန် ဆုတ်ယုတ်ခဲ့သော လေးနှစ်တာ” ကို အဆုံးသတ်ပေးမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ထရမ့်က ၎င်းလက်မှတ်ရေးထိုးမည့် သမ္မတအမိန့် ကြေညာချက်များသည် နယ်စပ်လုံခြုံရေး၊ စွမ်းအင်အရင်းအမြစ်၊ ပြည်ထောင်စုအစိုးရ အသုံးစရိတ်၊ ဗီဒီယိုအတို လူမှုမီဒီယာပလက်ဖောင်း TikTok၊ “ဗဟုအသွင်၊ တရားမျှတမှုနှင့် အားလုံးပါဝင်နိုင်မှု” မူဝါဒ စသည်တို့နှင့် ပတ်သက်ကြောင်း ပြောကြားခဲ့သည်။

ထရမ့် တာဝန်ထမ်းဆောင်သည့်ရက်တွင် သမ္မတအမိန့် ကြေညာချက် ၁၀၀ ကျော်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အမေရိကန် မီဒီယာများ၏ သုံးသပ်ချက်အရ သိရသည်။

ထရမ့်သည် ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်းတွင် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ကြောင်း သိရသည်။ သို့သော် မြို့တော် ဝါရှင်တန် အထူးဇုန်တွင် အအေးလွန်ကဲသောရာသီဥတု ဖြစ်ပေါ်မည်ဟု ခန့်မှန်းထား၍ ၎င်း၏ တာဝန်ထမ်းဆောင်ခြင်းအခမ်းအနားကို အဆောက်အအုံအတွင်း ကျင်းပရန် ပြောင်းလဲထားကြောင်း သိရသည်။


Ref - Xinhua

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق