ဟူသီတွေကို အကြမ်းဖက်အဖွဲ့ ပြန်သက်မှတ်ဖို့ လုပ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟူသီတွေကို အကြမ်းဖက်အဖွဲ့ ပြန်သက်မှတ်ဖို့ လုပ်နေ


ဇန်နဝါရီ - ၂၃ ( ကြာသပတေးနေ့) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က ယီမင်နိုင်ငံမှာရှိတဲ့ အီရန်ကျောထောက်နောက်ခံ ဟူသီ လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်ပြန်လည်သက်မှတ်ရန်အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

ထရမ့်ရဲ့ပထမသမ္မတသက်တမ်းတုန်းက ဟူသီသူပုန်လို့ခေါ်တဲ့ အန်ဆာလာအလာ လှုတ်ရှားမှုပါဝင်သူများကို အကြမ်းဖက်အဖွဲ့ အဖြစ်သက်မှတ်ခဲ့ပေမဲ့ ဘိုင်ဒန်အစိုးရလက်ထက်မှာ စစ်ပွဲဒဏ်ခံနေရတဲ့ ယီမင်ပြည်သူတွေကို လူသားချင်းငဲ့ညှာထောက်ထားရေးအတွက် အကူအညီများ ပံ့ပိုးတဲ့နေရာမှာ အနှောက်အယှက်ဖြစ်နေတဲ့အတွက် ဟူသီတွေကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးခဲ့ပါတယ်။ ဟူသီတွေက ၂၀၁၀ ခုနှစ် အလယ်ပိုင်းလောက်ကနေ စပြီး ယီမင်နိုင်ငံရဲ့ ဒေသတော်တော်များများ ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ 

မနေ့ကတော့ ထရမ့်က ဟူသီတွေကို နိုင်ငံခြား အကြမ်းဖက်သူပုန်တွေအဖြစ် အမည်စာရင်းကြောညာဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနကို အစီရင်ခံစာတင်သွင်းဖို့ အမိန့်ပေးလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက သမ္မတသို့ တင်သွင်းသော စာတမ်းမှာ ၂၀၂၃ခုနှစ်မှစ၍ ဟူသီများသည် အမေရိကန် စစ်သင်္ဘောများကို ဒုံးကျည်များ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး အစ္စရေးသို့ ဒုံးကျည် ၃၀၀ ကျော် ပစ်လွှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဟူသီများသည် ဆော်ဒီအာရေဗျရှိ ရေနံချက်စက်ရုံများကို တိုက်ခိုက်ခဲ့ပြီး ပင်လယ်နီနှင့် ဘာဘယ်မန်ဒက် ရေလက်ကြားရှိ သင်္ဘောများကို ဒုံးကျည်များ၊ ကာမီကာဇေ ဒရုန်းများဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ "ဟူသီသူပုန်များ၏ လှုပ်ရှားမှုများသည် အရှေ့အလယ်ပိုင်းရှိ အမေရိကန် အရပ်သားများနှင့် ဝန်ထမ်းများ၏ လုံခြုံရေး၊ ဒေသတွင်း မိတ်ဖက်များ၏ လုံခြုံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်သွယ်မှု တည်ငြိမ်ရေးကို ခြိမ်းခြောက်လျက် ရှိသည်" လို့ ပါရှိပါတယ်။ 


REF - RT

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)