ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်ရန် စာရင်းထဲပါသည်ကို မကျေနပ်သဖြင့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးကို ဓားဖြင့်ခုတ်သူအား အမှုဖွင့် အရေးယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်ရန် စာရင်းထဲပါသည်ကို မကျေနပ်သဖြင့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးကို ဓားဖြင့်ခုတ်သူအား အမှုဖွင့် အရေးယူ




နေပြည်တော်၊ ဇန်နဝါရီ ၂၁

ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ်(၅)ရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ရမည့် စာရင်းထဲပါသူ သန့်ဇင်ဖြိုး က မကျေနပ်သဖြင့် အုပ်ချုပ်ရေးမှူး ဦးလှထွန်း အား လာရောက်ပြောဆိုပြီး အသင့်ပါလာသော ဓားဖြင့် ရန်ပြုသဖြင့် ရာအိမ်မှူးက ဝင်ရောက် ဟန့်တားခဲ့ရာ ရာအိမ်မှူး ဓားဖြင့် အခုတ်ခံခဲ့ရပြီး တရားခံ သန့်ဇင်ဖြိုးအား ကျည်တောင်ကန် နယ်မြေရဲစခန်းတွင် (ပ)၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၃၂ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ က ကျည်တောင်ကန် အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှထွန်း နေအိမ်သို့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၇)တွင် တက်ရောက်ရန်ထည့်သည့်ကိစ္စအား သန့်ဇင်ဖြိုး က မကျေနပ်ကြောင်းပြောဆိုသဖြင့် ၎င်းမှရှင်းပြရာ လက်မခံပဲ သန့်ဇင်ဖြိုးမှ ၎င်း၏လွယ်အိတ်အတွင်း အသင့်ထည့်၍ ယူဆောင်လာသည့် အသွား (၁၂)လက်မ၊ အရိုး (၆)လက်မခန့်ရှိ ဝါးရိုးတပ် ဓားဦးချွန်ဖြင့် ခုတ်ရာ ဦးလှထွန်းမှ တိမ်းရှောင်လိုက်သဖြင့် မခုတ်မိပဲ မှောက်လျက်လဲကျသွားကာ ဒူးပွန်းပဲ့ဒဏ်ရာနှင့် ဝဲဘက်တံတောင်ဆစ်တွင် ဖူးယောင်နာကျင်ဒဏ်ရာရှိခဲ့သည်။

ဦးလှထွန်းလဲကျနေစဉ် သန့်ဇင်ဖြိုးမှ ဓားနှင့်ထပ်မံခုတ်မည် ပြုစဉ် အနီးရှိ ရာအိမ်မှူး ကိုငွေထွန်း မှ ဝင်ရောက်တားဆီးစဉ် သန့်ဇင်ဖြိုးမှ ဓားနှင့်ခုတ်သဖြင့် ကိုငွေထွန်း၏ ဦးခေါင်းထိပ်အား ခုတ်မိပြီး ပြတ်ရှ(စိုးရိမ်ရ) ဒဏ်ရာ (၁)ချက်ရရှိခဲ့ကြောင်း၊  ပုဗ္ဗသီရိမြို့နယ် ကုတင် (၃၀၀)ဆေးရုံသို့ ဒဏ်ရာရရှိသူများအား ပို့အပ်ခဲ့ရာ ကိုငွေထွန်းမှာ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက် ဆေးဝါးကုသခဲ့ရသည်။

အမှုဖြစ်စဉ်နှင့် ပတ်စက်၍ ဦးလှထွန်း က တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး နယ်မြေရဲစခန်း က (ပ)၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၃၂ ဖြင့် အရေးယူထားကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်ရခြင်းသည် ဥပဒေတွင် သတ်မှတ်ထားသည့် အသက်အရွယ်အပိုင်းအခြားတွင် ရှိနေသူ အားလုံး တာဝန်ထမ်းဆောင်ရမည့် ဥပဒေဖြစ်ပြီး ကင်းလွတ်ခွင့်ပြုသူ၊ ယာယီကင်းလွတ်ခွင့် ရသူများကိုလည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ စစ်မှုထမ်းဆောင်ခြင်းအား ရှောင်လွှဲရန် ကြိုးပမ်းသူများကိုလည်း ပြစ်ဒဏ်များ ပြဋ္ဌာန်းထားရှိပြီး ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)