လက်ရှိနိုင်ငံတော်ရဲ့ အခက်အခဲတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကနေ ဖြေရှင်းရမယ်ဆိုရင် မဖြစ်မနေပြင်ဆင်သင့်တဲ့အချက်တွေကို ဆွေးနွေးကြပါတယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လက်ရှိနိုင်ငံတော်ရဲ့ အခက်အခဲတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကနေ ဖြေရှင်းရမယ်ဆိုရင် မဖြစ်မနေပြင်ဆင်သင့်တဲ့အချက်တွေကို ဆွေးနွေးကြပါတယ်


ဦးကိုကိုကြီး( ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ)

နိုင်ငံတစ်နိုင်ငံမှာ အမြင့်ဆုံးဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ ဒီဥပဒေရဲ့ သဘောတရားကလည်း ကျင့်သုံးရင်းနဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေရှိရင် တဖြည်းဖြည်းပြင်ဆင်ပြီးတော့ ကောင်းသထက်ကောင်းအောင် ကြိုးစားကြရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းနှစ်ဆက်အတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံးပြီးတဲ့အချိန်မှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို တွေ့ရှိလာရတာတွေရှိပါတယ်။ လက်ရှိနိုင်ငံတော်ရဲ့ အခက်အခဲတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကနေ ဖြေရှင်းရမယ်ဆိုရင် မဖြစ်မနေပြင်ဆင်သင့်တဲ့အချက်တွေကို ဆွေးနွေးကြပါတယ်။ ဒီအချက်တွေထဲမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဘက်က အဆိုပြုတဲ့အချက်တွေရှိသလို ကျွန်တော်တို့ နိုင်ငံရေးပါတီများအစုအဖွဲ့ကလည်း အဆိုပြုတဲ့အချက်တွေရှိပါတယ်။ ဒီအချက်တွေကို နှစ်ဖက်ညှိနှိုင်းပြီးတော့ ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာ ပြင်ဆင်တဲ့အခါ ကြိုတင်ညှိနှိုင်းသဘောတူပြီးသားဖြစ်အောင် ကြိုးစားဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အခုကျွန်တော်တို့ဆွေးနွေးပြီး သဘောထားစုစည်းချက်အားလုံး (၄၃) ချက်ရှိပါတယ်။ နောက်ပြီး တစ်ထိုင်တည်းဆုံးဖြတ်လို့မရဘဲ ဆက်လက်ဆွေးနွေးရမယ့်အချက်(၇) ချက်လည်းရှိပါတယ်။ ဒီအချက်ကိုလည်း ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးနေတဲ့ အချိန်မှာလည်း သဘောတူစုစည်းထားပြီးသား (၄၃)ချက်၊ ဆက်လက်ဆွေးနွေးမယ့် အချက်(၇)ချက်အပြင် နိုင်ငံရေးပါတီများအစုအဖွဲ့က ပြင်ဆင်သင့်တယ်လို့ ထပ်မံပြီး အဆိုပြုထားတဲ့ အချက်တွေလည်းရှိပါသေးတယ်။ ဒီအချက်တွေကိုလည်း ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ သဘောတူညီမှုရရှိပြီးသွားရင်တော့ သဘောထားစုစည်းချက်များအဖြစ်နဲ့ နှစ်ဖက်အပြန်အလှန်လက်မှတ်ရေးထိုးဖို့ အစီအစဉ်လည်းရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးပမ်းနေတာဟာ ရုတ်တရက်တော့ သိသာမြင်သာမဖြစ်ပေမယ့် ကျွန်တော်တို့အားလုံး ပွင့်လင်းရင်းနှီးစွာနဲ့ အကျေအလည် ဆွေးနွေးညှိနှိုင်းနေကြပါတယ်။ ဒီဆွေးနွေးမှုတွေကတစ်ဆင့် တိုးတက်မှုတွေလည်း ရရှိထားပါတယ်။ ဒီတိုးတက်မှုတွေကို ပြည်သူတွေသိရှိစေဖို့ အသိပေးခြင်းဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီမှာ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ နိုင်ငံရေးပါတီတွေ အားမကောင်းဘဲနဲ့ ပါတီစုံဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ အားကောင်းဖို့ ပြည်သူတွေကိုယ်တိုင်ကလည်း နိုင်ငံရေးပါတီတွေအပေါ်မှာ ယုံကြည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှုရှိစေလိုပါတယ်။


#MNP #News #Political #Naypyitaw

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)