ချောင်းဆုံမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ပြန်လည်အတည်ပြုစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောင်းဆုံမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ပြန်လည်အတည်ပြုစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်


ချောင်းဆုံ၊ ဇန်နဝါရီ ၂၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်းများကို ၂၀၂၂ ခုနှစ်တွင် ကောက်ယူပြီးစီးခဲ့ပြီး မြေပြင်ကွင်းဆင်း၍ ပြန်လည်အတည်ပြုစစ်ဆေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် ရပ်ကွက်ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကာ ယနေ့တွင် မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာရှိ စုရပ်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်အတွင်းရှိ မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စွာရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိဦးသန့်ရှင်းရွှေ၏ဦးဆောင်မှုဖြင့် ဝန်ထမ်းများမှ အဖွဲ့(၁၅)ဖွဲ့ခွဲ၍ ကျေးရွာများရှိစုရပ်များတွင် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ ပြန်လည်အတည်ပြုစစ်ဆေးခြင်းများကို ချောင်းဆုံအရှေ့ရပ်ကွက်၊ နတ်မှော်၊ ကွမ်သဲ၊ သက္ကော၊ အဘစ်နှင့် မုဒွန်းကျေးရွာတို့တွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံများနှင့်ပူးပေါင်းကာ မြေပြင်ကွင်းဆင်းအတည်ပြုခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MNP #News #လဝက

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)