အင်းစိန်မြို့နယ် စာရေးဆရာအသင်း သက်ကြီးပူဇော်ပွဲ၊ စာပေဟောပြောပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားများ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်းစိန်မြို့နယ် စာရေးဆရာအသင်း သက်ကြီးပူဇော်ပွဲ၊ စာပေဟောပြောပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားများ ပြုလုပ်


ရန်ကုန်၊ ဇန်နဝါရီ ၂၂

အင်းစိန်မြို့နယ် စာရေးဆရာအသင်းကကြီးမှူးပြုလုပ်သည့် သက်ကြီးစာပေပညာရှင်များပူဇော်ပွဲ၊ စာပေဟောပြောပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားများကို ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ အင်းစိန်မြို့နယ်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် အသက် ၇ဝ နှင့်အထက် သက်ကြီးကန်တော့ခံ စာပေပညာရှင် ၁၆ ဦးအား ကန်တော့ခံပစ္စည်းနှင့် ကန်တော့ငွေများ ပေးအပ်ပူဇော်ကန်တော့ကြပြီး မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာရေးအတွက် လူငယ်လူရွယ်များ၏ အခန်းကဏ္ဍ၊ စာရေးဆရာ ချစ်ညွန့်ကျော်က သုတ၊ ရသစာပေများ ဖတ်ရှုလေ့လာရေးတို့နှင့်စပ်လျဉ်း၍ စာပေရေးရာများကို ဟောပြောကြသည်။

ထို့နောက် အင်းစိန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ တော်မြင့် (ငှက်ဖျား) နှင့်အတွင်းရေးမှူး ရန်မိုးအောင် (အင်းစိန်) တို့က ကန်တော့ပွဲကျင်းပရခြင်း ရည်ရွယ်ချက်၊ အလှူရှင်ကိုဝေဖြိုးက လှူဒါန်းရခြင်းရည်ရွယ်ချက်နှင့် သက်ကြီးကန်တော့ခံ စာရေးဆရာကြီးဥဂ္ဂါညိုက ဆုံးမဩဝါဒစကားများ ပြောကြားကြသည်။

အဆိုပါ အခမ်းအနားတွင် အင်းစိန်မြို့နယ် စာရေးဆရာအသင်း ဘဏ္ဍာရေးမှူး စာပေဗိမာန်စာမူဆုများရှင် စာရေးဆရာမတက္ကသိုလ်မြမဉ္ဇူက အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် တက်ရောက်ကြသူများအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)