Pages

Pages

တမူးမြို့နယ် ကျွန်းပင်သာကျေးရွာအနီး အကြမ်းဖက်သမားများ၏ အလောင်း လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ



တမူး၊ ဇန်နဝါရီ ၃၀ 

တမူးမြို့နယ်ရှိ လုံခြုံရေးအဖွဲ့များသည် ဇန်နဝါရီလ ၂၉ ရက် နေ့လည် ၁၂ နာရီခန့်က ကျွန်းပင်သာရွာအနီး နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်သမားများကို ရှင်းလင်းနိုင်ခဲ့သည်။

ဖြစ်စဉ်အတွင်း  အကြမ်းဖက်သမား ၇ လောင်း၊ Type -81 သေနတ် ၃ လက်၊ M-22 သေနတ် ၃ လက်၊ M-79 သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၃၇၀ တောင့်၊ ကျည်အိမ် ၁၄ ခု၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာဦးထုပ် ၄ လုံး၊ ကျည်ကာအင်္ကျီ ၂ ထည်၊  ပြောက်ကျားကျောပိုးအိတ် ၄ လုံး တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

 

#MNP #News

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق