ပြည်ပအကူအညီပေးမှု အများစုအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဆိုင်းငံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပအကူအညီပေးမှု အများစုအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဆိုင်းငံ့


ဝါရှင်တန်၊ ဇန်နဝါရီ  ၂၅ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်တွင် လက်ရှိပြည်ပအကူအညီပေးမှု စီမံကိန်းအများစုအား ရက် ၉၀ ကြာ ဆိုင်းငံ့လိုက်ကြောင်း အမေရိကန် 《Politico》 စသည့် မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုက ဇန်နဝါရီ ၂၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် နိုင်ငံအသီးသီးရှိ အမေရိကန် သံတမန်ဝန်ထမ်းများအား ပေးပို့သည့် စာချွန်လွှာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်ရှိ ပြည်ပအကူအညီပေးမှု စီမံကိန်းအများစုအား ရက် ၉၀ ကြာ ချက်ချင်း ဆိုင်းငံ့ရန် အမိန့်ပေးလိုက်ကြောင်း အမေရိကန် 

 Politico နှင့် ဗြိတိန် The Guradian တို့၏ သတင်းဖော်ပြချက်အရ သိရသည်။ အဆိုပါစာချွန်လွှာသည် အမေရိကန်က ပြည်ပအကူအညီပေးမှုစီမံကိန်းများအား “လုပ်ငန်းရပ်တန့်ရန်အမိန့်” နှင့်သက်ဆိုင်ပြီး ချက်ချင်းအသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာချွန်လွှာအရ အမေရိကန်သည် အီဂျစ်နှင့် အစ္စရေးအပေါ် စစ်ရေးငွေကြေးကူညီမှုများ၊ ပြည်ပ အရေးပေါ်စားနပ်ရိက္ခာငွေကူညီမှုနှင့် လက်ရှိပြည်ပကူညီမှုစီမံကိန်းများတွင် ယင်းစာချွန်လွှာ စတင်အသက်မဝင်ခင် ပေါ်ထွက်လာသော “တရားဝင်အသုံးစရိတ်” များအား ဆက်လက်ထောက်ပံ့ပေးနိုင်ကြောင်း၊ ထို့ပြင် မည်သည့် စီမံကိန်းအသစ်နှင့် ရှိရင်းစွဲစီမံကိန်းများ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် ငွေကြေးများကို ယင်းစီမံကိန်းများ စိစစ်မှုလုပ်ငန်းစဉ် ပြီးဆုံး၍ အဆိုပါစီမံကိန်းများသည် “သမ္မတ ထရမ့်၏ (နိုင်ငံခြားရေးမူဝါဒ) လုပ်ငန်းစဉ်နှင့် ကိုက်ညီသည်” ဟု အတည်ပြုပြီးသည်အထိ ထုတ်ပေးခြင်းမပြုရဟု သိရသည်။

စိစစ်သည့်လုပ်ငန်းစဉ်ပြီးနောက် သက်ဆိုင်ရာစီမံကိန်းအား “ဆက်လက်လုပ်ဆောင်မည်၊ ပြုပြင်မည် သို့မဟုတ် ရပ်ဆိုင်းမည်” ကို မာကို ရူဘီရိုက ဆုံးဖြတ်မည်ဟု စာချွန်လွှာတွင် ဖော်ပြထားသည်။

အဆိုပါစာချွန်လွှာတွင် အမေရိကန်က ယူကရိန်းအပေါ် စစ်ရေးနှင့် စီးပွားရေး စသည့် ကူညီမှုစီမံကိန်းများအား မည်ကဲ့သို့ဖြေရှင်းမည်ကို အတိအလင်းဖော်ပြထားခြင်းမရှိကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ 

အဆိုပါစာချွန်လွှာသည် အမေရိကန်က ယူကရိန်း စသည့် “အဓိကမဟာမိတ်” များအပေါ် ကူညီမှုကို “ရပ်ဆိုင်းသွားနိုင်သည်” ဟုလက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိနှင့် ယခင် ဘိုင်ဒန်အစိုးရအရာရှိ နှစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ Politico တွင် သတင်းဖော်ပြထားသည်။ 


Ref - Xinhua

#MNP #News #Health #American

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)